အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အခမ်းအနား ကျင်းပပြုလုပ်ခြင်း

မကွေးတိုင်းဒေသကြီး၊  ၃.၁၂.၂၀၁၈

၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူ များနေ့ အထိမ်းအမှတ် အခမ်းအနားကို မကွေးမူလတန်းကြိုကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ၊ ဒေါက်တာခင်မောင်အေးမှ အဖွင့်အမှာစကား ပြောကြားပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းသူများ စစ်တုရင်ပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် အဆိုပြိုင်ပွဲများတွင် ဆုရရှိသော မသန်စွမ်းသူများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် မူလတန်း ၊အလယ်တန်း ၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲမှ ဆုရရှိသူများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားကို တိုင်းဒေသကြီးမသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ ၊ NGO, INGOs အဖွဲ့အစည်းများ၊ ဆုရကလေးငယ်များနှင့် မိဘများ၊ မသန်စွမ်းသူများဖြင့် စုစုပေါင်းအင်အား (၁၅၀)ကျော် တက်ရောက်ခဲ့ကြပါသည်။

FacebookTwitter