အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာလှုပ်ရှားမှု အဖြစ် လူထုစုပေါင်းလမ်းလျှောက်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခြင်း

မကွေးတိုင်းဒေသကြီး ၊ ၅.၁၂.၂၀၁၈

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုရပ်တန့်ရေး (၁၆)ရက်တာလှုပ်ရှားမှုအဖြစ် လူထုစုပေါင်းလမ်းလျှေက်ပွဲကို မကွေးတိုင်းဒေသကြီးအမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့် မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရင်ခွင်မဲ့ကလေးငယ်များလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ “#Hear Me Too; အကြမ်းဖက်မှုရပ်တန့်ရေး အမျိုးသမီးများအသံနားထောင်ပေး ” ဆောင်ပုဒ်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါလူထုစုပေါင်းလမ်းလျှောက်ပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့်  တိုင်းဒေသကြီးရင်ခွင်မဲ့ ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းဝင်များ ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးမိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ INGOs,NGOs အဖွဲ့အစည်းများ၊ ကျောင်းသား ကျောင်းသူများ ၊ ပြည်သူများပါဝင်သော အင်အား(၃၀ဝ)သည် မကွေးမြို့ ၊ ပြည်တော်သာလမ်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မှ ဗိုလ်ချုပ်ပန်းခြံအထိ တပျော်တပါး စုပေါင်းပါဝင် ဆင်နွဲခဲ့ကြပါသည်။

FacebookTwitter