အမျိုးသမီးနှင့်ကလေးသူငယ်များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် ၁၆ရက်တာ လှုပ်ရှားမှုအသိပညာပေး‌ဟောပြောပွဲ

နေပြည်တော်၊ ၈.၁၂.၂၀၁၈

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် အောင်ဆန်းခန်းမ၌ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီဗဟိုနှင့် နေပြည်တော်ပြည်ထောင်စုနယ်မြေ အမျိုးသမီး ကော်မတီတို့မှ ဦးဆောင်၍ ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း၊ နေပြည်တော်၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ နေပြည်တော်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းများအပါအဝင် အမျိုးသမီးအဖွဲ့များ ပူးပေါင်း၍ အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ်နည်းမျိုးစုံနှင့် အကြမ်းဖက်မှုပပျောက်ရေးနေ့ အထိမ်းအမှတ် ၁၆ရက်တာ လှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲအား နေပြည်တော် ပြည်ထောင်စုနယ်မြေ အမျိုးသမီး ကော်မတီဥက္ကဌ ဦးအောင်မြင်ထွန်းမှ အဖွင့်အမှာစကားပြောကြားကာ ကျင်းပခဲ့ပါသည်။

၎င်းဟောပြောပွဲတွင် နေပြည်တော်ပြည်တောင်စုနယ်မြေ တပ်ကုန်းမြို့နယ်များမှ ပြည်သူများ(၅၀၀)ခန့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အမျိုးသမီးများ အပေါ်အကြမ်းဖက်မှုကာကွယ်စောင့်ရှောက်ရေး၊ အကြမ်းဖက်မှု၏ နောက်ဆက်တွဲ ဆိုးကျိုး များမလိုလားအပ်သော ကိုယ်ဝန်ရခြင်းမှ ကာကွယ်ရေးနှင့် အကြမ်းဖက်ခံရသော အမျိုးသမီးများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊  သက်ငယ်မုဒိမ်းမှုမှ ကာကွယ်ရေးနှင့် လူကုန်ကူးမှုကာကွယ်ရေးတို့အား ကော်မတီဝင်များမှ အသီးသီးဆွေးနွေးခဲ့ကြပါသည်။ 

FacebookTwitter