အမျိုးသမီးနှင့်ကလေးသူငယ်များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ် ၁၆ရက်တာ လှုပ်ရှားမှုအသိပညာပေး‌ဟောပြောပွဲ

နေပြည်တော်၊ ၁၀.၁၂.၂၀၁၈

          နေပြည်တော်ကောင်စီနယ်မြေ၊ ပုပ္ဗသီရိမြို့နယ် စံချိန်ဟိုတယ်၌ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီဗဟို နှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေ အမျိုးသမီး ကော်မတီတို့မှ ဦးဆောင်၍ ရင်ခွင်မဲ့ကလေးများလျော့ချရေးနှင့် ကာကွယ် စောင့်ရှောက် ရေးအသင်း၊ နေပြည်တော်၊ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ နေပြည်တော်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်းများအပါအဝင် အမျိုးသမီးအဖွဲ့များပူးပေါင်း၍ အမျိုးသမီးနှင့် မိန်းကလေးငယ်များ အပေါ်နည်းမျိုးစုံနှင့် အကြမ်းဖက်မှုပပျောက်ရေးနေ့အထိမ်းအမှတ် ၁၆ ရက်တာလှုပ်ရှားမှုအသိပညာပေးဟောပြောပွဲအား နေပြည်တော် ပြည်ထောင်စု နယ်မြေ အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဦးထွန်းထွန်းနိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

          ၎င်းဟောပြောပွဲတွင် နေပြည်တော်ပြည်တောင်စုနယ်မြေ၊ ပုပ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များမှ ပြည်သူများ(၃၅၀)ခန့် တက်ရောက်ခဲ့ကြပါသည်။ အခမ်း အနားတွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်စောင့် ရှောက်ရေး၊ အကြမ်း ဖက်မှု၏ နောက်ဆက်တွဲဆိုးကျိုးများ မလိုလားအပ်သော ကိုယ်ဝန်ရခြင်းမှ ကာကွယ် ရေးနှင့် အကြမ်းဖက်ခံရသော အမျိုးသမီးများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊  သက်ငယ်မုဒိမ်းမှုမှ ကာကွယ်ရေးနှင့် လူကုန်ကူးမှုကာကွယ်ရေးတို့အား ကော်မတီဝင် များမှ အသီးသီးဆွေးနွေးခဲ့ကြပါသည်။ 

FacebookTwitter