AAR Japan သက်မွေးပညာသင်ကျောင်း၏ ၂၀၁၈ခုနှစ် တတိယအပတ်စဉ် သင်တန်းဆင်းပွဲကျင်းပ

ဒီဇင်ဘာ ၁၃၊ ရန်ကုန်မြို့
လူမှုဝန်ထမ်းဦးစီးဌာနနှင့် AAR Japan သက်မွေးပညာသင်ကျောင်းတို့ ပူးပေါင်း ဖွင့်လှစ်သည့် ကိုယ်အင်္ဂါမသန်စွမ်းသူများနှင့် အကြားအာရုံအားနည်းသူများအတွက် စက်ချုပ်သင်တန်း၊ ဆံသသင်တန်းနှင့် ကွန်ပျူတာသင်တန်းတို့ကို ဖွင့်လှစ်လျက်ရှိရာ (၁၃.၁၂.၂၀၁၈)ရက်နေ့တွင် ၂၀၁၈ခုနှစ်အတွက်  တတိယ အပတ်စဉ် သင်တန်းဆင်းပွဲကျင်းပရာ သင်တန်းသား/ သင်တန်းသူ (၃၉)ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်နိုင်ခဲ့ပါသည်။ အဆိုပါ သင်တန်းများ ဖွင့်လှစ်ခြင်းအားဖြင့် မသန်စွမ်းသူများ အသက်မွေးဝမ်းကျောင်းပညာများ တတ်မြောက်လာသည့်အပြင် မိမိကိုယ်တိုင် ဝင်ငွေရှာဖွေနိုင်သည့် မသန်စွမ်းသူများအား မွေးထုတ်လျက်ရှိပါသည်။

 

FacebookTwitter