မိုင်းအန္တရာယ်အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ ၁၄.၁၂.၂၀၁၈

          မိုင်းအန္တရာယ်အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက အဖွင့် အမှာစကားပြောကြားခဲ့ပါသည်။

          ထိုသို့ပြောကြားရာတွင် မိုင်းအန္တရာယ်မှာ ဒုတိယကမ္ဘာစစ်မှစ၍ ဖြစ်ပွားနေကြောင်း၊ မိုင်းအန္တရာယ်ကြောင့် စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ သယံဇာတပစ္စည်းများ ဆုံးရှုံးခဲ့ရ ကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် (၉)ခုတို့တွင် မိုင်းအန္တရာယ် ထိခိုက်ခံစားနေရသူများပြားစွာ တွေ့ရှိရပါကြောင်း၊ မိုင်းထိခိုက်မူလျော့ပါးစေရန် မိုင်းအန္တ ရာယ်နှင့်ပတ်သက်၍ ပညာပေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း၊ မိုင်းအန္တရာယ် ကြောင့် အကြားအာရုံမသန်စွမ်းသူ၊ ကိုယ်အင်္ဂါမသန်စွမ်းသူ၊ အမြင်အာရုံ မသန်စွမ်းသူများ ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ UNCRPD နှင့်အညီ  မိုင်းအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်း အဖွဲ့မှလည်း အောင်မြင်ရန်ဆောင်ရွက်နေမူများ၊ လက်လှမ်းမီပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ သတင်းနှင့်အချက်အလက်ရရှိရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်မှု များမှ ကာကွယ်တားဆီးနိုင်ရေးအတွက် နည်းပညာများနှင့် အချက်အလက်များ ရရှိရန် ဆောင်ရွက်နေပါကြောင်း၊ မိုင်းကြောင့်ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း(၂၇)ဦးတို့ကို တစ်ဦးလျှင် -၂၀၀၀၀၀/နှုန်းဖြင့် ထောက်ပံ့ပေးခြင်း၊ ၂၀၁၈-၂၀၁၉ခုနှစ်မှစ၍ Strategic Work Plan ရေးဆွဲဆောင်ရွက်နေပြီး အကောင်းဆုံးရလာဒ်များ ရရှိလာမည်ဟု မျှော်လင့်ကြောင်း၊ ကရင်ပြည်နယ် နှင့်ကယားပြည်နယ်တို့်တွင် Non-Techical Survey(NTS) လုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပါပြီး မိုင်းစံသင်္ကေတများ အသုံးပြု၍ UNICEF ဖြင့်ပူးပေါင်း ဆောက်ရွက်နေမှုများ၊ မိုင်းအန္တရာယ်ကြောင့် မသန်စွမ်းဖြစ်သွားသူများအတွက် ထောက်ပံ့ ကြေးများကို လက်ဝယ်အရောက် ပေးအပ်ထောက်ပံ့လျက်ရှိပါကြောင်း  ပြောကြား ခဲ့ပါသည်။

          ဆက်လက်ပီး UNICEF မှတာဝန်ရှိသူတစ်ဦးက ယခင်အလုပ်ရုံဆွေးနွေးပွဲ ရလဒ်များ ပြန်လည်ဆန်းစစ်ခြင်း၊ ကရင်၊ ကယားနှင့် ရှမ်း(မြောက်)တို့တွင် မိုင်းနှင့်ပတ်သက်၍ ရှင်းလင်းခြင်း၊ UNICEF နှင့်ပူးပေါင်းဆောင်ရွက်သော မိုင်းအန္တရာယ်အသိပညာပေး ဆွေးနွေးမူ များကို တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာသူများမှ အသီးသီးပြန်လည်တင်ပြဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter