“မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် အသုံးပြုနည်းသင်တန်း” ဖွင့်လှစ်ဆောင်ရွက်ခြင်း

 ကော့သောင်းမြို့၊ ၂၀.၁၂.၂၀၁၈

                      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် IOM (Myanmar) တို့ ပူးပေါင်း၍ “မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူး ခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ် အသုံးပြုနည်းသင်တန်းကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ Victoria Cliff  Hotel ၌ ၂၀၁၈ခုနှစ်၊ဒီဇင်ဘာလ(၂၀)ရက်နေ့မှ(၂၂)ရက်နေ့အထိကျင်းပပြုလုပ်ခဲ့သည်။

                      သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ ဥက္ကဌ (ကိုယ်စား) ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ ကော့သောင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဇော်လင်းထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါက်တာထွန်းဇော်တို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

                      အဆိုပါ သင်တန်းသို့ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့အတွင်းရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသားဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ  သင်တန်းသား/ သင်တန်းသူ (၃၃)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ  (၂၀.၁၂.၂၀၁၈) ရက်နေ့မှ (၂၂.၁၂.၂၀၁၈)ရက်နေ့ထိ (၃)ရက်ဖြစ်ပါသည်။

                      သင်တန်းဖွင့်လှစ်ဆောင်ရွက်ခြင်းဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား သဘောတူပြီး ဖြစ်သည့် “မြန်မာ-ထိုင်း ဖြစ်ရပ်စီမံခန့်ခွဲခြင်းနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ပို့ဆောင်ခြင်းနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းခြင်းဆိုင်ရာ နှစ်နိုင်ငံစံလုပ်ငန်းအစီအစဉ်ကို လူကုန်ကူးခံရသူများအား ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာလုပ်ငန်းများအား လက်တွေ့ဆောင်ရွက်နေသော သက်ဆိုင်ရာဌာနများမှ  တာဝန်ရှိ သူများ သိရှိနားလည်၍ စံလုပ်ငန်းအစီအစဉ်ပါ လုပ်ငန်းစဉ်များအတိုင်း ထိုင်းနိုင်ငံမှ လူကုန်ကူးခံရသူများအား ပြန်လည်လွှဲပြောင်းလက်ခံခြင်း၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းခြင်းလုပ်ငန်း များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့်  လူကုန်ကူးခံရသူများအား လူဂုဏ်သိက္ခာနှင့်အညီ လူ့အသိုင်းအဝိုင်းအတွင်း ပြန်လည် ဝင်ဆံ့ပေါင်းစည်းပေးနိုင်ပြီး၊ ၎င်းတို့၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများကို အပြည့်အဝရရှိနိုင်ရေးအတွက် လူကုန်ကူးခံရသူဗဟိုပြု ချဉ်းကပ်နည်းများဖြင့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

                     

FacebookTwitter