Online Child Protection Incident Reporting System Application စနစ်တည်ဆောက်ရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်

၇.၁.၂၀၁၉၊ နေပြည်တော်

        (၇.၁.၂၀၁၉)ရက်နေ့တွင် နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ လူမှုဝန်ထမ်းဦးစီးဌာန၊ Plan International Myanmar ၊ Myanmar Institute Peace and Security တို့ပူးပေါင်း၍ Online Child Protection Incident Reporting System Application စနစ်တည်ဆောက်ရေးအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေး တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက် လာသူများမှ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်အတွက် Online မှတဆင့်တိုင်ကြားနိုင်မည့် Application System ကိုဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ စနစ်ကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်တွင် ရှေ့ပြေးစတင်လုပ်ဆောင်သွားမှာ ဖြစ်ပါသည်။အလုပ်ရုံဆွေးနွေးပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ Plan International Myanmar မှ တာဝန်ရှိသူများ စုစုပေါင်း (၂၅)ဦးတက်ရောက်ခဲ့ပါသည်။

FacebookTwitter