မကွေးတိုင်းဒေသကြီးအတွင်း လူမူကာကွယ်စောင့်ရှောက်ရေးအထောက်အပံ့များ ပေးအပ်

၁၂ ဇန်နဝါရီ၊ ၂၀၁၉
     လူမူဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် လူမူကာကွယ် စောင့်ရှောက်ရေး  လုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိရာ လူမူရေးထောက်ပံ့မူများကို ပြည်သူများ ထံအရောက် ကြိုးပမ်းဆောက်ရွက်လျက် ရှိပါသည်။ လူမူဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးလမ်းညွန်မူဖြင့် လူမူဝန်ထမ်းဦးစီးဌာနမှ ညွန်ကြားရေး မှူးချူပ် ဒေါက်တာစန်းစန်းအေး နှင့် အဖွဲ့သည် (၁၂-၁-၂၀၁၉) ရက် နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီး စလင်းမြို့နယ်၊ သာစည်ဘုရားကြီးကျောင်းတိုက်ဝန်းအတွင်း လူမူထောက်ပံ့ အလှူငွေ ပေးအပ်ပွဲ အားကျင်းပ ဆောင်ရွက်ခဲ့ပါသည်။
ယင်းအလှူငွေပေးအပ်ပွဲတွင် စလင်းမြို့နယ်အတွင်းရှိ မသန်းစွမ်းသူ (၅၆၀)ဦး အတွက် ထောက်ပံ့ငွေ (၁၆၈၀၀၀၀၀/)ကျပ် ၊အသက် (၈၅) နှစ် အထက်အဘိုးအဖွား (၁၁၃၈)ဦးအတွက် လူမူရေး ပင်စင်ထောက်ပံ့ငွေ (၃၄၁၄၀၀၀၀) ကျပ် ၊ မိခင်ဝိုင်း (၅) ဝိုင်း အတွက် ဖွင့်လှစ်ဆောင်ရွက်ရန် ထောက်ပံ့ငွေ (၂၆၄၇၈၁၀၀) ကျပ် စလင်းမြို့နယ်အတွက် စုစုပေါင်းထောက်ပံ့ငွေ (၇၇၄၁၈၁၀၀ ) ထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍မွန်လွဲပိုင်းတွင် ဆိတ်ဖြူမြို့နယ်၊ အောက်ဆိတ်ကျေးရွာ ၊အထက်တန်းကျောင်း ဝန်းအတွင်း လူမူထောက်ပံ့ငွေပေးအပ်ပွဲ ကျင်းပခဲ့ရာ ၊ ဆိတ်ဖြူမြိုနယ်အတွင်းရှိ မသန်စွမ်းသူ (၄၉၆) ဦးအတွက်ထောက်ပံ့ငွေ (၁၄၈၈၁၀၀) ကျပ်၊ အသက်(၈၅) နှစ်အထက်အဘိုးအဖွား (၃၅၄)ဦးအတွက် ထောက်ပံ့ငွေ (၁၀၆၂၀၀၀၀) ကျပ် မိခင်ဝိုင်း(၅) ဝိုင်း ဖွင့်လှစ်ဆောင်ရွက်ရန် ထောက်ပံ့ငွေ (၃၀၀၀၀၀) ကျပ် ဆိတ်ဖြူမြို့နယ်အတွက် စုစုပေါင်းထောက်ပံ့ငွေ (၅၂၂၇၃၈၃၀၀) ကျပ်အား ထောက်ပံ့ ပေးခဲ့ ပါသည်။

FacebookTwitter