ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ ကျွမ်းကျင်ပညာရှင်အဖွဲ့ လာရောက်တွေ့ဆုံ

မတ် ၄၊ နေပြည်တော်
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား  ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ကျွမ်းကျင် ပညာရှင် Dr. Harumi Kitabayashi ဦးဆောင်သောအဖွဲ့က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့အနေဖြင့် လူကုန် ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ စီမံချက်လက်ရှိဆောင်ရွက်ပြီးစီးမှု အခြေအနေ များ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ချိတ်ဆက်မှုပိုမိုကောင်းမွန်စေရေး၊ ဝန်ဆောင်မှု လုပ်ငန်းများ ပိုမိုထိရောက်စေရေးတို့နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

FacebookTwitter