ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ် ပုဏ္ဏမီဂုဏ်ဝေ သီလရှင် ပရဟိတဂေဟာသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ပထမအဆင့်ထောက်ပံ့ငွေပေးအပ်

 နေပြည်တော်၊လယ်ဝေး၊ ၉-၃-၂၀၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်လယ်ဝေးမြို့နယ် ပုဏ္ဏမီဂုဏ်ဝေ သီလရှင် ပရဟိတဂေဟာသို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ပထမအဆင့်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉း၀၀)နာရီ က အဆိုပါဂေဟာ၌ ကျင်းပသည်။

ရှေးဦးစွာ လူမှု၀န်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက ပုဏ္ဏမီဂုဏ်ဝေ သီလရှင် ပရဟိတဂေဟာအတွက် လူမှု၀န်ထမ်းဦးစီးဌာနအသိအမှတ်ပြု ထောက်ပံ့ငွေပေးအပ်ရခြင်း ၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ပုဏ္ဏမီဂုဏ်ဝေ သီလရှင် ပရဟိတဂေဟာ ပဓါန နာယက သီလရှင်ဆရာကြီးဒေါ်ဇေယျာသိင်္ဂီထံသို့ လူမှု၀န်ထမ်းဦးစီးဌာန၏ ပထမအဆင့်ထောက်ပံ့ငွေ ကျပ် -၉၅၅၈၀၀ဝိ/-အား ညွှန်ကြားရေးမှူးချုပ်မှ ပေးအပ်ခဲ့ပါသည်။ ထို့နောက်ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲသည် သီလရှင်ပရဟိတဂေဟာအတွင်း လှည့်လည်ကြည့်ရှု အားပေးခဲ့ပါသည်။

 

 

FacebookTwitter