ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးသင်တန်း ကျင်းပပြုလုပ်ခြင်း

၂၆.၄.၂၀၁၉ ၊ မကွေးတိုင်းဒေသကြီး
(၂၄.၄.၂၀၁၉)ရက်နေ့တွင် သရက်ခရိုင် ၊ သရက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး သင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါသင်တန်း ဖွင့်ပွဲအခမ်းအနားတွင် သရက်မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းရွှေမှ အဖွင့်အမှာစကား  ပြောကြားပြီး သရက်မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များနှင့် သရက်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၃၀)မှ သင်တန်းသားအုပ်ချုပ်ရေးမှူး(၃၀)ဦးနှင့် အခြားကျေးရွာများမှ အုပ်ချုပ်ရေးမှုး(၃၀)ဦးဖြင့် စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ပြီး ပါသည်။
သင်တန်းတွင် (CRC) သမိုင်းအကြောင်း ၊ အခြေခံမူ(၄)ရပ် ၊ ကလေးသူငယ်အခွင့် အရေး(၄)ရပ် ၊ ကလေးသူငယ်ဥပဒေနှင့် နည်းဥပဒေများ လူမှုဝန်ထမ်းမှဆောင်ရွက်နေသော ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ရှင်းလင်း သင်ကြားပို့ချခဲ့ပါကြောင်းသတင်းရရှိပါသည်။

 

FacebookTwitter