လူမှုဝန်ထမ်းဦးစီးဌာနနှင့် Good Neighbors International (Myanmar) အဖွဲ့အကြား နားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲကျင်းပခြင်း

နေပြည်တော်၊ ၃၀.၄.၂၀၁၉
    Good Neighbors International (Myanmar) သည် ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်၍ စီမံချက်ဒေသအတွင်းရှိ ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် ပညာသင်ကြားခွင့် ရရှိစေရေး၊ ရပ်ရွာ လူထုအား စီပွားရေးတိုးတက်လာစေရေးနှင့် ရေရှည်တည်တံ့သော ပတ်ဝန်းကျင်တွင် နေထိုင် နိုင်စေရေးလုပ်ငန်းများဆောင်ရွက်ရန် လူမှုဝန်ထမ်းဦးစီးဌာနနှင့် Good Neighbors International (Myanmar) အဖွဲ့တို့ကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို (၃၀.၄.၂၀၁၉) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးမှ ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် Good Neighbors International (Myanmar) အဖွဲ့မှ Country Director၊ Mr. Eun Chang Jang နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
    ဆက်လက်ပြီး Good Neighbors International (Myanmar) အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား သွားရောက်တွေ့ဆုံဂါရဝပြုခဲ့ပါသည်။

 

FacebookTwitter