ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၂/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော်၊ ၃၀.၄.၂၀၁၉
    ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ (၂/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
အစည်းအဝေးတွင် ဒုတိယဥက္ကဌ(၁)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားရာတွင် ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်မည့် ကဏ္ဍစုံလုပ်ငန်းစဉ်များတွင် နိုင်ငံတော်အစိုးရ၊ ပြည်သူများ၊ ပုဂ္ဂလိက၊ ပြည်တွင်း NGOနှင့် CSOများ၊ မိတ်ဖက်နိုင်ငံများ၊ ကုလသမဂ္ဂအေဂျင်စီများ၊ INGOများပါဝင်ပူးပေါင်းပြီး ဆောင်ရွက်နိုင်ရန် UEHRD ကော်မတီကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့ကစတင်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဥက္ကဌ အဖြစ် ဦးဆောင်ဖွဲ့စည်းခဲ့ ပါကြောင်း၊ UEHRD ကော်မတီကို အဆင့်ဆင့်ပြင်ဆင်ဖွဲ့စည်းခဲ့ရာ (၂၉-၁၀-၂၀၁၈)ရက်နေ့တွင် အဖွဲ့ဝင်(၉)ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မတီကို ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပါဝင်ဆောင်ရွက်သော National Movement အဖြစ်ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နိုင်ငံသူ/နိုင်ငံသားများ၏ စည်းလုံးညီညွတ်မှုအင်အားဖြင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း၊  UEHRD ကော်မတီသည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေး၊ ပြန်လည်နေရာချထားရေးနှင့်ပြန်လည်ထူထောင်ရေး၊ဒေသဖွံ့ဖြိုးရေး၊ ရေရှည်ပဋိပက္ခ ကင်းဝေးရေးစတဲ့ အဓိကလုပ်ငန်းကြီး(၄)ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နှစ်နိုင်ငံ သဘောတူညီမှုအရ ပြန်လည်လက်ခံရေးလုပ်ငန်းများကို ၂၃-၁-၂၀၁၈ ရက်နေ့မှာ စတင်အချိန်မီဆောင်ရွက်နိုင်ရေးအတွက် UEHRD ကော်မတီ၏ တည်ဆောက်ရေး လုပ်ငန်းအဖွဲ့က အခြေခံအဆောက်အအုံတည်ဆောက်ရေးလုပ်ငန်းများကို National Movement အနေနဲ့ အလျင်အမြန် ဆောင်ရွက်ခဲ့ရပါကြောင်း၊ ယခုအစည်းအဝေးတွင် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများနှင့်ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းနှင့် ဘဏ္ဍာရေးစည်းမျဉ်းများအရ လိုအပ်သော အတည်ပြုမှုများကို ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများပေးရေးနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနကဆောင်ရွက်ပေးနေသကဲ့သို့ ကြက်ခြေနီ လှုပ်ရှားမှု (Red Cross Movement) အနေဖြင့်ပါ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ UEHRD၏စေတနာ့ဝန်ထမ်း လူငယ်အစီအစဉ်များဖြင့်လည်း လူသားချင်းစာနာမှု အကူအညီများ ပေးခဲ့ပါကြောင်း၊ UEHRD ကော်မတီ၏ လုပ်ငန်းများနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီ၏လုပ်ငန်းများသည် ဆက်စပ်ဆောင်ရွက် ရသော လုပ်ငန်းများဖြစ်ပါကြောင်း၊ ASEAN-ERAT အဖွဲ့အပါအဝင် ရခိုင်ပြည်နယ်၏ အခြေအနေများကို ဆန်းစစ်လေ့လာသည့် အဖွဲ့အစည်းများ၏ ဖော်ထုတ်ချက်အရ ရခိုင်ပြည်နယ် အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအကျဆုံးအချက်မှာ လူမှုစီးပွားဖွံ့ဖြိုးမှုနိမ့်ကျနေမှုကို ဖြေရှင်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ လူမှုသဟဇာတဖြစ် ရေးသည်လည်း ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခကင်းဝေးရေး အတွက် UEHRDကော်မတီ၏ လုပ်ငန်းအဖွဲ့ (၁၀)ဖွဲ့၏ ဆောင်ရွက်မှုများသည်အရေးပါပါကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာမှာ အောင်အောင်မြင်မြင် ဆောင်ရွက်ပေးခဲ့ကြမှုအတွက်လည်း အသိအမှတ်ပြု ပါကြောင်း၊ ဆက်လက်၍ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် အားလုံးအကြံပြုဆွေးနွေး ကြပါရန် ပြောကြားပါသည်။
ထို့နောက် တက်ရောက်လာကြသည့် UEHRDကော်မတီဝင်များက ကဏ္ဍအလိုက် ဆွေးနွေးကြပြီး ဒုတိယဥက္ကဌ(၁)၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားပါသည်။
အစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဌများ၊ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူးများ စုံညီစွာတက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter