လုပ်ငန်းခွင်အတွင်း ကျား၊ မ တန်းတူညီမျှရှိရေး နှင့် ကျား၊ မ တန်းတူညီမျှရေး လုပ်ဆောင်မှုအတွက် ရရှိမည့်စီးပွားရေးအကျိုးအမြတ်များဆိုင်ရာ ကမ္ဘာ့ထိပ်တန်းအသိအမှတ်ပြုစံလက်မှတ် ချီမြှင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်၊ ၉-၅-၂၀၁၉
    စီးပွားရေးလုပ်ငန်းရှင်များ ကျား၊ မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှုအသင်း           (Business Coalition Gender Equality Association -BCGEA) ၏ လုပ်ငန်းခွင်အတွင်း ကျား၊ မ တန်းတူညီမျှရှိရေး CEO Challenge နှင့် ကျား၊ မ တန်းတူညီမျှရေး လုပ်ဆောင်မှုအတွက် ရရှိမည့်စီးပွားရေးအကျိုးအမြတ်များဆိုင်ရာ ကမ္ဘာ့ထိပ်တန်းအသိအမှတ်ပြုစံလက်မှတ် ချီမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ Wyndaham Grand Yangon Hotel ၌ ကျင်းပပြုရာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် ခဲ့ပါသည်။
    ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂)အကောင်အထည်ဖော် ဆောင်ရွက်ရန် အတွက် မိမိတို့ဝန်ကြီးဌာနသည် တာဝန်ရှိသော ဝန်ကြီးဌာနဖြစ်သည်နှင့်အညီ နိုင်ငံတကာ ကတိကဝတ်များနှင့် ပတ်သက်၍အစီရင်ခံစာတင်ပြခြင်းနှင့် လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျား/မတန်းတူညီမျှရေးသည် ဒီမိုကရေစီနှင့်ကောင်းမွန်သော အုပ်ချုပ်ရေးတို့ ဆောင်ရွက်ရာမှာ အရေးကြီးတဲ့အညွှန်းကိန်းတစ်ခုဖြစ်ပြီး နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး အတွက်အခြေခံစံနှုန်းတစ်ခုလည်းဖြစ်ပါကြောင်း၊ အမျိုးသမီးများတန်းတူညီမျှအပြည့်အဝပါဝင်ခွင့် ရရှိပြီး ကျား၊မတန်းတူညီမျှမှုရှိပါကမိသားစု၊လူ့အဖွဲ့အစည်းနှင့် နိုင်ငံတစ်ခုလုံး၏စီးပွားရေး တိုးတက်လာသည်ကို ကမ္ဘာလုံးဆိုင်ရာလေ့လာမှုများအရတွေ့ရှိနိုင်ပါကြောင်း၊
မြန်မာနိုင်ငံအစိုးရသည် အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း CEDAW ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်ပါရည်မှန်းချက်များ- SDGs ၊ မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း-MSDP ပါလုပ်ငန်း စဉ်များကိုတာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ၏ ဦးဆောင်မှုဖြင့်အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စီမံကိန်း (၂၀၁၃-၂၀၂၂)ကို ဘေဂျင်းလုပ်ငန်း စီမံချက်အပေါ် အခြေခံ၍ ဦးစားပေး လုပ်ငန်း နယ်ပယ်(၁၂)ရပ်ဖြင့် ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းဧရိယာ (၁၂)ရပ် တွင် အမျိုးသမီးများ နှင့်စီးပွားရေးလုပ်ငန်း နယ်ပယ်ပါဝင်ပါကြောင်း။
မဟာဗျူဟာစီမံကိန်း၏ ကျန်ရှိသည့် ကာလများအတွက် လုပ်ငန်းနယ်ပယ် (၁၂) ရပ်ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အမျိုးသမီးများ နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများတွင် ပါဝင် ဆောင်ရွက်ရေး နည်းပညာလုပ်ငန်းအဖွဲ့၊ ကျား၊ မ ရေးရာ အမြင်ထည့်သွင်း စဉ်းစားခြင်း နည်းပညာလုပ်ငန်းအဖွဲ့၊ အမျိုးသမီးများ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ဆိုင်ရာနည်းပညာလုပ်ငန်းအဖွဲ့တို့ကို ဖွဲ့စည်းထားပြီး ဖြစ်ရာ စီးပွားရေးလုပ်ငန်းရှင်များ ကျား/မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှုအသင်း (BCGEA)က ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
    ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ် Ms. Andrea Faulkner က ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး စီးပွားရေးလုပ်ငန်းရှင်များ ကျား၊ မ တန်းတူညီမျှရေး ပူးပေါင်းဆောင်ရွက်မှုအသင်း (BCGEA)၏ ဥက္ကဌဒေါ်ဇာခြည်တင်က အသင်း၏ သမိုင်းမှတ်တိုင်များ၊ မြော်မြင်ချက်၊ လုပ်ဆောင်မည့်တာဝန်၊ ရည်မှန်းချက်ပန်းတိုင်များ၊ ဒေသတွင်း စီမံကိန်းများကို အကောင်အထည်ဖော်လုပ်ကိုင်ဆောင်ရွက်ခြင်း တို့ကို လည်းကောင်း၊  Yoma Group of Companies , Executive Chair Mr. Serge Pun က လုပ်ငန်းခွင်တွင် ကျား၊မ တန်းတူညီမျှစွာရှိခြင်းဖြင့် လုပ်ငန်း၏စွမ်းဆောင်ရည်တိုးတက်စေနိုင်သလို အခြားအကျိုး ကျေးဇူးများရရှိနိုင်ခြင်းတို့ကို လည်းကောင်း အသီးသီး ရှင်းလင်းပြောကြားခဲ့ပါသည်။
    ဆက်လက်၍    လုပ်ငန်းခွင်အတွင်း ကျား ၊ မ တန်းတူညီမျှရှိရေး CEO Challenge အမြင်ချင်းဖလှယ်ဆွေးနွေးပွဲကိုပြုလုပ်ရာ Moderator အဖြစ် Thant Sin Metta (သန့်စင်မေတ္တာ)၊ နှင့် Water Mothers Myanmar Organizations တို့၏ နာယကဒေါက်တာရွှေလွှမ်းက လည်ကောင်း၊ Panelist များအဖြစ် City Mart Holding Co., Ltd မှ Chief Executive Officer, ဒေါ်ဝင်းဝင်းသန့်၊ Shwe Taung Real Estate မှ Chief Executive Officer, ဒေါ်စန္ဒာထွန်း၊ AYA Bank မှ Managing Director ဦးမြင့်ဇော်၊ Economic Dividends for Gender Equality- EDEG မှ Co- Founder,  Ms. Aniela Unguresan  နှင့် Parami Energy Group မှ Chief Executive Officer, ဦးကံထွန်းတို့က အသီးသီး ဆွေးနွေးခဲ့ကြပါသည်။
    ထို့နောက် ကမ္ဘာထိပ်တန်း ကျား၊ မ တန်းတူညီမျှရေး အသိအမှတ်ပြုစံလက်မှတ် (EDGE Certification) ကို Parami Energy, FMI, AYA Bank, IKBZ နှင့် KBZ Bank တို့မှ တာဝန်ရှိသူများအား အသီးသီးပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။   

FacebookTwitter