မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်နိုင်ငံသံအမတ်ကြီးက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအားလာရောက်တွေ့ဆုံ

နေပြည်တော်၊ ၉.၅.၂၀၁၉
    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဗြိတိန်နိုင်ငံသံအမတ်ကြီး H.E. Mr. Daniel Patrick Chugg က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၊ မေခလာခန်းမ၌လာရောက် တွေ့ဆုံပါသည်။
    တွေ့ဆုံရာတွင် ရန်ကုန်မြို့၌ မေလ(၆-၇)ရက်နေ့များတွင် ကျင်းပခဲ့သည့် ရခိုင် ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ်အကောင်အထည်ဖေါ်ဆောင်ရွက်မှုများအားပြန်လည်သုံးသပ် ခြင်းအလုပ်ရုံဆွေးနွေးပွဲ အောင်မြင်စွာကျင်းပနိုင်မှု၊ ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်မှုများ၊ အစိုးရ၏ရခိုင်ပြည်နယ်တစ်ခုလုံး လူမှုစီးပွားဘဝဖွံ့ဖြိုးရေးနှင့်တရား ဥပဒေစိုးမိုးရေး၊ လူမှုသဟဇာတဖြစ်ရေး ကြိုးပမ်းဆောင်ရွက်မှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိသွားသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံမှ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလကပင်အဆင်သင့်လက်ခံနိုင်ရေးဆောင်ရွက်ထားရှိမှုများ၊ ယင်းအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံသဘောတူညီချက်များရေးထိုး၍ ညှိနှိုင်းဆောင်ရွက်နေမှုများ၊ ပြန်လည်လက်ခံရေးအတွက် ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေး(၄)ကြိမ်ကျင်းပ၍ ညှိနှိုင်း ဆွေးနွေးမှုများ၊ UEHRD ပြည်ထောင်စုစီမံကိန်းဖြင့်ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချ ထားရေးနှင့်လူသားချင်းစာနာမှု အကူအညီပေးရေးဆောင်ရွက်မှုများ၊ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်များရှိ ကယ်ဆယ်ရေးစခန်းများ စနစ်တကျ ပိတ်သိမ်းနိုင်ရေးအတွက် အမျိုးသားအဆင့်မဟာဗျူဟာ အတည်ပြုရေး နောက်ဆုံးအခြေ အနေများ၊ အာဆီယံအရေးပေါ် တုံ့ပြန်ရေးနှင့် အကဲဖြတ်အဖွဲ့ (ERAT)၏ ပြန်လည် လက်ခံရေးအတွက် လိုအပ်ချက်ဆန်းစစ်မှုအစီရင်ခံစာအရ တွေ့ရှိချက်များတွင် ရခိုင် ပြည်နယ် တွင် မတူညီသည့်အသိုက်အဝန်းများ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နေသည်ကိုတွေ့မြင်ရပြီး ယင်းအတွက် လူမှု-စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဦးစားပေး ဆောင်ရွက်ရန်အရေးကြီးကြောင်း ဖေါ်ပြချက်များ၊ ဗြိတိန်သံအမတ်ကြီးက ကော့ဘဇားရှိ ဒုက္ခသည်များ အခြေအနေနှင့် ၎င်းတို့၏မျှော်လင့်ချက်များ၊ လူမှုသဟဇာတရရှိရေး ချဉ်းကပ်ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များနှင့် ဗြိတိန်နိုင်ငံမှ အကူအညီပေးနိူင်မည့်နယ်ပယ်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခဲ့ ပါသည်။

FacebookTwitter