လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင် International Committee of the Red Cross(ICRC) မြန်မာနိုင်ငံဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၅.၆.၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်သည် International Committee of the Red Cross(ICRC) မြန်မာနိုင်ငံဌာနေ ကိုယ်စားလှယ်အား အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ညနေပိုင်း၌ လက်ခံတွေ့ဆုံပါ သည်။
    တွေ့ဆုံရာတွင်  နိုင်ငံတကာကြက်ခြေနီအဖွဲ့(ICRC) မှ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS)၊(IFRC)တို့မှ ပူပေါင်း၍ ကြက်ခြေနီလှုပ်ရှားမှုအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက် လျက်ရှိသော လူသားချင်းစာနာမှုအကူအညီပေးရေး၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းရှိ ဒေသတချို့တွင် ထောက်ပံ့မှုလိုအပ်လျက်ရှိသောအခြေအနေများ၊ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးဆောင်ရွက် လိုသည့်အခြေအနေများ၊ ဆက်လက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်နှင့် ဒေသန္တရဆိုင်ရာအဆင့်ဆင့်ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားမည့် အခြေအနေ များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

FacebookTwitter