လူငယ်ရေးရာဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေး ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်

ဇူလိုင် ၂၉၊ နေပြည်တော်

ကလေးသူငယ် အခွင့်အရေး(၄)ရပ်အား ပြည့်မီစွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၂/၂၀၁၉)ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ အဆိုပါကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အမှာစကားပြောကြားရာတွင်  ကလေးသူငယ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံသည် (၁၉၉၁)ခုနှစ်မှစတင်၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင်အညီ ကလေးသူငယ်အခွင့်အရေး ဥပဒေကိုရေးဆွဲ ပြဌာန်းခဲ့ပါကြောင်း၊ ပြီးခဲ့သည့် အစိုးရသက်တမ်း အတွင်းက စတင်ပြီး ကလေးသူငယ်အခွင့်အရေး ဥပဒေအသစ်ကို စတင်ပြန်လည်ရေးဆွဲခဲ့ ကြောင်း၊ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ ဥပဒေအသစ်တွင် ကော်မတီအနေဖြင့် စေတနာ့ဝန်ထမ်း ပုဂ္ဂိုလ်ကဖြစ်စေ၊ လူမှုရေးအဖွဲ့အစည်းကဖြစ်စေ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းကဖြစ်စေ တည်ထောင်ထားသော ပရဟိတဂေဟာများ၊ ယာယီစောင့်ရှောက်ရေး ဂေဟာများကို စံသတ်မှတ်ချက်များနှင့် အညီဖြစ်လာရန် ကြီးကြပ်ရမည့် တာဝန်များပါရှိကြောင်း၊

          ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖော်ဆောင်ရာတွင် ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းရပ်များသာမက ကလေးသူငယ်အနေဖြင့် အကာအကွယ်များ စောင့်ရှောက်မှု များရရှိရန်လိုအပ်ပါကြောင်း၊ ကလေးသူငယ်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများနှင့် ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများအတွက် ပြည်ထောင်စုနယ်မြေအပါဝင် တိုင်းဒေသကြီး/ ပြည်နယ်များ အလိုက် ကော်မတီများကို လုပ်ပိုင်ခွင့်များအား ဥပဒေအရ အပ်နှင်းထားပါကြောင်း၊ ကလေးသူငယ် များအတွက် ထိရောက်သော ကာကွယ်စောင့်ရှောက်မှုများ ဖြစ်စေရေးအတွက် ဥပဒေပြဌာန်းသလို၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ကိုဝန်ကြီးဌာနအနေဖြင့် ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း၊

          ပြဌာန်းလိုက်သည့် ဥပဒေအသစ်နှင့်ပတ်သက်၍ ပြည်သူများအကြား အထင်အမြင်လွဲမှားမှုများ၊ စိုးရိမ်ပူပန်မှုများရှိနေသည်ကို တွေ့ရပါကြောင်း၊ အဆိုပါ အထင်အမြင်လွဲမှားမှုများသည် ဥပဒေကို သေသေချာချာလေ့လာပါက ရှင်းလင်းသွားမည်ဖြစ်ပါ ကြောင်း၊ ပြည်သူများလေ့လာရန် နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြထားပြီးဖြစ်ပါကြောင်း၊  ဥပဒေသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ကလေးသူငယ်များ ၏ အကောင်းဆုံးအကျိုးစီးပွားကို ရည်ရွယ်ရေးဆွဲထားခြင်းဖြစ်ပြီး ဥပဒေအသစ်ပြဌာန်းမှုနှင့်အညီ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေးအတွက် ပြင်ဆင်မှုများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဥပဒေအသစ်ကို ပြည်သူများ သိရှိစေရန် လိုအပ်သော ပညာပေးရှင်းလင်းမှုများကို  မိမိဒေသအလိုက် ကော်မတီဝင်များက  ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်း ဆောင်ရွက် သွားရန်လိုအပ်ပါကြောင်းနှင့် ကလေးသူငယ်များ အနေဖြင့် ဥပဒေပါ အခွင့်အရေးနှင့်အတူ တာဝန်ရှိမှုများကို မိဘ၊ ဆရာ၊ ရပ်ရွာအဖွဲ့အစည်းတွေများကို အသိပညာပေးမှုများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန် လိုပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဦးစိုးအောင်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်ပတ်သက်၍ အခန်းအလိုက် ရှင်းလင်းတင်ပြခြင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်က ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများနှင့် အရှိန် အဟုန်မြှင့်ဆောင်ရွက်ရန် လိုအပ်သည့်နယ်ပယ်များနှင့်နည်းဥပဒေကိုလည်း ဆက်လက် ရေးဆွဲသွားမည်ဖြစ်ပါကြောင်း တင်ပြခဲ့ပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသည့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ အမျိုးသားကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ပြည်နယ်များမှ လူမှုရေးဝန်ကြီးများနှင့်  ကော်မတီအတွင်းရေးမှုးများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများက အကျဉ်းထောင်အတွင်း ရောက်ရှိ နေသော ကလေးများအခွင့်အရေးသေချာစေရေးကိစ္စရပ်များ၊ မြင့်တက်လာသော သက်ငယ် မုဒိန်းမှုဖြစ်ရပ်များနှင့် ပတ်သက်၍ အသိပညာပေးမှုများနှင့်ကြိုတင်ကာကွယ်မှုများ တိုးချဲ့ ဆောင်ရွက်ရေးကိစ္စရပ်များ၊ အသစ်ပြင်ဆင်လိုက်သည့် ဥပဒေနှင့် ပတ်သက်၍ ပြည်သူသို့ အသိပညာပေးရှင်းလင်းရမည့်ကိစ္စရပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များ အဆင့်အထိ ဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အစီအစဉ်များ ဆောင်ရွက်သွားရန်ကိစ္စများ အပါအဝင်    လုပ်ငန်းဆောင်ရွက်ချက်များအား သက်ဆိုင်ရာနယ်ပယ်အလိုက်ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး  ပြည်ထောင်စုဝန်ကြီး က နိဂုံးချုပ် အမှာစကားပြောကြား၍ အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။  

FacebookTwitter