မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအစီရင်ခံစာနှင့် ပတ်သက် သည့် နောက်ဆုံးအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ၁၉.၈.၂၀၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက အဖွင့်အမှာ စကားပြောကြားရာတွင် CRC၊ CEDAW ၊ CRPD စတဲ့ Convention(၃)ခု၏ အတွေ့အကြုံများအရ  CEDAW Report တင်ခဲ့စဉ်က Regular Report တင်သွင်းခဲ့သလို Exceptional Report ကိုလည်း တင်သွင်းခဲ့ ရပါကြောင်း၊ ပြန်လည်ထူထောင်ရေးဦစီးဌာနဘက်က CRPD ကိုလည်း Regular Report တင်သွင်းရမည်ဖြစ် ပါကြောင်း၊ CEDAW နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ Exception Report တောင်းလာတဲ့အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် CEDAW Reviewing သို့ တက်ရောက်ခဲ့ပါကြောင်း၊ ထိုသို့တက်ရောက်ခဲ့သည့် အတွေ့အကြုံများအရ မိမိတို့ဆောင်ရွက်ချက်များအား ရှင်းရှင်းလင်းလင်း ဖြေကြားနိုင်ဖို့အရေး ကြီးပါကြောင်း၊ Reporting အပိုင်းမှာလည်း ရက်ကာလကန့်သတ်ထားတာဖြစ်လို့ ရက်ကာလ ကျော်လွန်လာတဲ့အခါမှာလည်း မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် ပတ်သက်သည့် ဆောင်ရွက်ထားမှုများနှင့် ရေးသွားဖို့လိုအပ်ပါကြောင်း၊ UNCRPD နှင့်ပတ်သက်ပြီး ဥပဒေ၊ နည်းဥပဒေများရေးဆွဲပြီး ဖြစ်သည့်အပြင် ဒုတိယသမ္မတ(၂)ဦးဆောင်သည့် မသန်စွမ်းသူများ ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီကိုလည်း ဖွဲ့စည်းပြီးဖြစ်ပါကြောင်း၊ မသန်စွမ်းသူ များအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးပိုင်းဆိုင်ရာ အခွင့်အရေးများ ရရှိခံစားနိုင်ရေး အတွက် ကြိုးစားဆဲကာလဖြစ်သည့်အတွက် အစည်းအဝေးဆုံးဖြတ်ချက် အကောင်အထည်ဖော် ဆောင်ရွက်မှုများသည် အလွန်အရေးကြီးပါကြောင်း၊ ကဏ္ဍပေါင်းစုံတွင် မသန်စွမ်းသူများပါဝင်နိုင် ရေးအတွက် ဝန်ကြီးဌာနအားလုံးနှင့်ပူးပေါင်း၍ ဆောင်ရွက်ထားမှုများလည်းရှိပါကြောင်း၊ UNCRPD ပြန်လည်ဖြေကြားသည့်အပေါ်မှာမူတည်ပြီး အပြုသဘောဆောင်သည့် နောက်ဆက်တွဲကဏ္ဍများ (ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်၊ ဆောင်ရွက်ရန်ကျန်) စသည်တို့ကိုလည်း ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းမှာကြားပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဝင်းနိုင်ထွန်းမှ UNCRPD အစီရင်ခံစာနှင့်ပတ်သက်ပြီး ဝန်ကြီးဌာနအားလုံး ပူးပေါင်းဆောင်ရွက် ပေးကြတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာနများမှ ပေးပို့လာသည့် List of Issues များ သည် ဆွစ်ဇာလန်နိုင်ငံသို့ သွားရောက်ဖြေကြားမည့် မြန်မာကိုယ်စားလှယ်အဖွဲ့အတွက် များစွာ အထောက်အကူပြုပါကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ထိခိုက်လွယ်အုပ်စုများဌာနခွဲ၊ ညွှန်ကြား ရေးမှူး၊ ဦးစွမ်းရည်ရမှ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း ကနဦးအစီရင်ခံစာနှင့်ပတ်သက်၍ လိုအပ်သောအခန်းကဏ္ဍများအား ရှင်းလင်းဆွေးနွေးခြင်း၊ အစည်းအဝေးတက်ရောက်လာသူများအားလုံးမှ ဖြည့်စွက်ဆွေးနွေးခြင်းနှင့် မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးပြီး အစည်းအဝေးအား (၁၂:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

FacebookTwitter