ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား International Committee of The Red Cross (ICRC)အဖွဲ့ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ၁၀-၉-၂၀၁၉
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ - International Committee of the Red Cross (ICRC)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Stephan Sakalian ဦးဆောင်သောအဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။
    ထိုသို့တွေ့ဆုံရာတွင် ICRC က ရခိုင်ပြည်နယ်တွင် ၂၀၁၇ ခုနှစ်နှောင်းပိုင်းမှစ၍ ကြက်ခြေနီလှုပ်ရှားမှု (Red Cross Movement) အရ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ခဲ့ရာမှ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အစီရင်ခံစာအရ ICRC အနေဖြင့် အရေးပေါ်လူသားချင်းစာနာကူညီမှုသာမက ပြန်လည်ထူထောင်ရေးတွင် ဆောင်ရွက်မည့်အခြေအနေများ၊  ICRC ၏ ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် နေရပ်စွန့်ခွာရသူများအတွက် ပြန်လည်နေရာချထားရေးလုပ်ငန်း အတွေ့အကြုံ နှင့် မိုင်းအန္တရာယ်ကင်းရှင်းရေး ပညာပေးဆောင်ရွက်မှုများ၊ ICRC အနေဖြင့် မိုင်းအန္တရာယ် လျှော့ချထားရေးလုပ်ငန်းအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးလိုမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter