ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး UNHCR ကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီး တို့အား သီးခြားစီလက်ခံတွေ့ဆုံ

နေပြည်တော်၊ ၁၉.၉.၂၀၁၉
    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် UNHCR ဌာနေကိုယ်စားလှယ် Mr. Johan Cels ဦးဆောင်သော အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာတူရကီသံအမတ်ကြီး H.E Kerem Divanhoglu ဦးဆောင်သော အဖွဲ့တို့အား ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ သီးခြားစီလက်ခံတွေ့ဆုံ ပါသည်။
    UNHCR ဌာနေကိုယ်စားလှယ် Mr. Johan Cels ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး ဆောင်ရွက်နေမှု နောက်ဆုံးအခြေအနေများ၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် အာဆီယံ နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်နေမှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားသို့ မြန်မာနိုင်ငံမှ အဆင့်မြင့်အရာရှိများ၊ အာဆီယံနိုင်ငံများမှကိုယ်စားလှယ်များ သွားရောက်ခဲ့ပြီးနောက် သတင်း အချက်အလက်ဝေမျှမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် UNHCR နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် အောက်တိုဘာ လဆန်းတွင်ကျင်းပမည့် (၇၀)ကြိမ်မြောက် Annual Plenary Session of the Executive Committee of the High Commissioner’s Programmer (Excom) သို့ မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်မည့်အခြေအနေနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးနှင့် တွေ့ဆုံ ဆွေးနွေးမည့်အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာတူရကီသံအမတ်ကြီး H.E Kerem Divanhoglu ဦးဆောင် သော ကိုယ်စားလှယ်များနှင့်တွေ့ဆုံရာတွင်  ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွား ဘဝ ဖံ့ွဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုနောက်ဆုံးအခြေအနေများ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်နှင့်အညီ မြန်မာဘက်မှ ဆောင်ရွက်နေမှုများနှင့် အာဆီယံနိုင်ငံများမှ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြုံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ အနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် လုပ်ငန်းစီမံချက်များဖြင့် စီစဉ်ဆောင်ရွက်နေမှုများ၊ “National Strategy for Closure of the Camp” နှင့်ပတ်သက်၍ အတည်ပြုပြီးဖြစ်၍ အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များ ဆက်လက်ရေးဆွဲ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနှင့်ပတ်သက်၍ အတည်ပြုပြီးဖြစ်၍ အကောင်အထည်ဖော် ရေးလုပ်ငန်းစဉ် (Action Plan)များ ဆက်လက်ရေးဆွဲဆောင်ရွက်မည့် အခြေအနေများ၊   တူရကီနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter