၂၀၁၉ ခုနှစ်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကျင်းပ

နိုဝင်ဘာ ၂၅၊ နေပြည်တော်
    အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂ္လာသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဌ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌဌ၊ အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော်မှ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌဌများ၊ အတွင်းရေးမှူးများ၊ ပြည်ထောင်စုဝန်ကြီးများ၏ဇနီးများ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ UNFPA, Deputy Representative၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ဌာနဆိုင်ရာများမှ ကိုယ်စားလှယ်များ၊မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဝင်များ၊ INGOs/ NGOs များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
     မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဒုတိယဥက္ကဋ္ဌဌက အဖွင့်အမှာစကားပြောကြား ရာတွင် ယနေ့အခမ်းအနားသည် နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) ရက်နေ့ ကာလအတွင်း ဖြစ်သည့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ယခုကဲ့သို့ လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိသလို မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၈ ခုနှစ်မှစ၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို နိုင်ငံတော်အဆင့်အခမ်းအနားပုံစံဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ နှစ်အလိုက်ကုလသမဂ္ဂမှ ဆောင်ပုဒ်များချမှတ်ပေးလျက်ရှိရာ ယခုနှစ် အတွက် ဆောင်ပုဒ်မှာ “Generation Equality Stands Against Rape!” “မုဒိမ်းမှုများတားဆီးဖို့၊ မုဒိမ်းမှုများပပျောက်ဖို့ အားလုံးပူးပေါင်းဆောင်ရွက် ကြပါစို့”ပဲ ဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အကြိုလှုပ်ရှားမှုများ အနေဖြင့် လူထုလမ်းလျှောက်ပွဲများ၊ အကြိုညှိနှိုင်းဆွေးနွေးပွဲများကိုလည်း ဆောင်ရွက်ခဲ့သကဲ့သို့ တိုင်းဒေသကြီး/ ပြည်နယ်များအားလုံးတွင်လည်း ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သက်ငယ်မုဒိမ်းအသိပညာပေး ပိုစတာ စိုက်ထူခြင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အမျိုးသမီးကော်မတီများ၏ ဦးဆောင်မှု ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှ တားဆီးကာကွယ် နိုင်ရေးအတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေ(မူကြမ်း) ကိုလည်း ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ မကြာမီတွင် လွှတ်တော်အဆင့်ဆင့်သို့ လုပ်ထုံးလုပ်နည်း နှင့်အညီ တင်သွင်းနိုင်ရေး ကြိုးပမ်းလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အနေဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (NSPAW)ပါ ဧရိယာ(၁၂)ရပ်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် နည်းပညာ ဆိုင်ရာ လုပ်ငန်းအဖွဲ့ (၄) ဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး၏ ပြည်ထောင်စုသဘောတူစာချုပ်တွင် ဆွေးနွေးခဲ့မှုများ၌ ငြိမ်းချမ်းရေး စကားဝိုင်းများနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပူးပေါင်းပါဝင်ရေးနှင့် စပ်လျဉ်း၍ ကဏ္ဍဍအသီးသီးတွင် အမျိုးသမီးများ အနည်းဆုံး(၃၀)ရာခိုင်နှုန်း ပါဝင်ရေးကို အားပေးဖို့ ဆိုသည့်အချက်လည်း ပါဝင်ပါကြောင်း၊ ထို့အပြင် ပဋိပက္ခအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပဋိပက္ခအတွင်း အမျိုးသမီးများအားအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာ အမျိုးသားအဆင့် ကော်မတီ၏ လုပ်ငန်းစီမံချက် (မူကြမ်း)ကိုလည်း ရေးဆွဲထားရှိပြီး ဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများမှ တားဆီးကာကွယ်ရေးအတွက် မိမိတို့ဝန်ကြီးဌာန အနေဖြင့် ၂၄ နာရီ၊ Help Line ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်မှစတင်၍ ထူထောင်ထားရှိပြီး ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပြီး လက်ရှိအချိန်ထိ တရားရင်ဆိုင်စရိတ် ထောက်ပံ့ခြင်း၊ အသက်မွေးဝမ်းကြောင်း ထောက်ပံ့ခြင်း အနေဖြင့် ကျပ်သန်းပေါင်း (၁၅၀) ကျော်ကို ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် တရားရင်ဆိုင်ရေး၊ ကျန်းမာရေး၊ ပညာရေး အကူအညီများ ရရှိရန် ချိတ်ဆက်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ One Stop Women Support Center (OSWSC) (၄)ခုတည်ထောင်၍ အကြမ်းဖက်ခံရသည့်အမျိုးသမီးများကို ယာယီလက်ခံစောင့်ရှောက် ပေးပြီး စိတ်လူမှုရေးဆိုင်ရာ ပံ့ပိုးကူညီမှုများလည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သုတေသန အနေဖြင့် အမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်း (National Survey on Women’s Life Experiences)အား လူမှုဝန်ထမ်းဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ UNFPA တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် ၂၀၁၉ ခုနှစ်၊ မြန်မာအမျိုး သမီးများနေ့ အခမ်းအနားတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်ဖြစ်သည့် အမျိုးသမီးများ၏ ကဏ္ဍဍစုံဖွံ့ဖြိုးရေးအတွက် လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းများ၊ စီမံချက်များ ချမှတ်ဆောင်ရွက် ရာတွင် သက်ဆိုင်ရာအစိုးရဌာနများ၊ လွှတ်တော်များ၊ INGOs/NGOs များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ လူမှုရေး စီးပွားရေးနယ်ပယ်များမှ အဖွဲ့အစည်းများ အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် ကြဖို့လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။
    ဆက်လက်ပြီး UNFPA Deputy Representative Ms. Nelida Rodrigues မှ UN Message အား ဖတ်ကြားပါသည်။
    ထို့နောက် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး စကားဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ရာ အမျိုးသားလွှတ်တော်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌဌ ဒေါက်တာတင်တင်ဝင်း၊ ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌဌ ဒေါက်တာခင်စိုးစိုးကြည်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုရဲမှူးကြီးဒေါ်မီနီဦး၊ ပြည်ထောင်စုရှေ့ နေချုပ်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဌေး၊ Maristope International မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာစစ်နိုင်တို့က ဦးဆောင်ဆွေးနွေးမှုများ ဆောင်ရွက်ရာတွင် အမျိုးသမီး များအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ လက်ရှိဆောင်ရွက်မှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ စသည့်အချက်များအား ဆွေးနွေး တင်ပြကြပြီး တက်ရောက်လာသည့် ဧည့်သည်တော်များမှ အပြန်အလှန်မေးခွန်းမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း  သတင်းရရှိပါသည်။

FacebookTwitter