ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အား JICA အဖွဲ့က လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ ၆
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အား  JICA၏ အကူအညီဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန တွင် တာဝန်ထမ်းဆောင်မည့် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဖြစ်သူ Mr.Seishi Nabesaka ဦးဆောင်သောအဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    တွေ့ဆုံရာတွင် ဘေးအန္တရာယ်လျော့ပါရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr. Seishi Nabesake အနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ မှစတင်၍ တာဝန်ထမ်းဆောင်လျက်ရှိရာ ရောက်ရှိသည့်အချိန်မှစ၍ JICAအဖွဲ့အစည်း၊ သက်ဆိုင်ရာ ဦးစီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံတွင် နှစ်စဉ်ကြုံတွေ့ရလေ့ ရှိသော ရေဘေးအန္တရာယ် ကာကွယ်ရေးအတွက် Master Plan တစ်ခု ရေးဆွဲဆောင်ရွက်နိုင်ရေး၊ ဒေသအလိုက် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးစီမံချက်များ ရေးဆွဲဆောင်ရွက်နိုင်ရေး၊ ဧရာဝတီတိုင်းဒေသကြီး ဟင်္သ࿿ာတမြို့ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် သင်တန်းများ ပူးတွဲပို့ချနိုင်ရေး၊ မြန်မာနိုင်ငံဘေးအန္တရာယ်ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး လုပ်ငန်းစီမံချက်(၂၀၁၇)၊ ကမ္ဘာလုံးဆိုင်ရာ ဆန်ဒိုင်းမူဘောင်(၂၀၁၅-၂၀၃၀)တို့ အကောင်အထည် ဖော်ခြင်းနှင့် စောင့်ကြည့် ကြည့်ရှုခြင်း ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်နိုင်ရေး၊ ရေဘေးအန္တရာယ်အပါအဝင် မီးလောင်မှု၊ မုန်တိုင်း၊ ငလျင်စသည့် သဘာဝဘေးအမျိုးအမျိုး အတွက် လိုအပ်သောနည်းပညာများ၊ သက်ဆိုင်ရာဌာန အသီးသီးပူးပေါင်းဆောင်ရွက်မှုများ၊ ပြင်ဆင်မှုများ၊ အရေးပေါ်ပုံစံတူလေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ သတင်းအချက်အလက်များ ထိရောက်လျင်မြန်စွာဖြန့်ဝေခြင်း စသည့်နယ်ပယ်များတွင် ဂျပန်နိုင်ငံရှိဌာနအသီးသီးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်း ရရှိပါသည်။

 

FacebookTwitter