ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ၃၁.၁.၂၀၂၀
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါနိုင်ငံသံအမတ်ကြီး H.E. Mr. Francois Lafreniere ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံသည်။
    ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အနေဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် လူမှုဝန်ထမ်း ဝန်ဆောင်မှုများ၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကိစ္စရပ်များနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်အပါအဝင် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများအား သက်ဆိုင်ရာပြည်နယ်အစိုးရ၊ ကြက်ခြေနီလှုပ်ရှားမှု အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ ထိရောက်စွာ ဆောင်ရွက်နေမှုများ၊ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများပိတ်သိမ်းရေး အမျိုးသားအဆင့် မဟာဗျူဟာအား အတည်ပြုပြဌာန်းခဲ့ပြီးနောက် မဟာဗျူဟာပါ ပြဌာန်းချက်များ နှင့်အညီ စခန်းများပိတ်သိမ်းနိုင်ရေးနှင့် ပြန်လည်နေရာချထားရေးကို စနစ်တကျဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှကာကွယ်ရေး၊ ကလေးသူငယ်များ၏ အခွင့်အရေးများ ဖော်ဆောင်ရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေး၊ သက်ကြီးရွယ်အိုများ၏ အခွင့်အရေးဖော်ဆောင်ရေး စသည့်နယ်ပယ်များတွင် ဥပဒေ၊ နည်းဥပဒေ၊ မူဝါဒနှင့် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်လျက်ရှိရာ အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များတွင် ကနေဒါနိုင်ငံမှ ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီများ အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေ များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter