ပဲခူးတိုင်းဒေသကြီးအတွင်း လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် Mask နှင့် Infrared Thermometer များ လာရောက်လှူဒါန်း

ရန်ကုန်၊ ၈.၄.၂၀၂၀

          ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပွားလျက်ရှိသော  Corona virus Disease 2019 (COVID-19)   ရောဂါပိုးကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍     U PAY Technology Co.,Ltd မှ  ပဲခူးတိုင်းဒေသကြီးအတွင်း လိုအပ်သည့်နေရာများတွင် အသုံးပြုနိုင်ရန်အတွက် Mask (၂၀,၀၀၀)ခုနှင့် Infrared Thermometer (၁၀)ခု၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ရွှေကျင်၊ ဒိုက်ဦးမြို့နယ်များအတွက် Mask (၂၀,၀၀၀)ခုနှင့် Infrared Thermometer (၁၀)ခု တို့ကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးလူမှု၀န်ထမ်း ရုံး၌ ပေးအပ်လှူဒါန်းခဲ့ရာ ပဲခူးတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီကိုယ်စား ပဲခူးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဌ ဦးကြည်ဇင်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter