အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့သို့ စေတနာ့ဝန်ထမ်းလက်စွဲအုပ်၊ Mask နှင့် လက်သန့်ဆေးရည်များလာရောက်လှူဒါန်း

နေပြည်တော်၊ ၂၆.၅.၂၀၂၀
ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တုန့်ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်နေကြသော စေတနာ့ဝန်ထမ်းများအတွက် စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်များ၊ လက်သန့်ဆေးနှင့် Maskများကို ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ် စောင့်ရှောက် ရေးအသင်းက ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနရှိ အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံးသို့ လာရောက်လှူဒါန်းခဲ့ပါသည်။
လှူဒါန်းရာတွင် ရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း ဥက္ကဌ ဒေါ်မေယဉ်ထွန်းနှင့်အဖွဲ့က စေတနာ့ဝန်ထမ်းလက်စွဲစာအုပ်(၂,၀၀၀)အုပ် ၊ MASK (၅,၀၀၀)ခု၊ လက်သန့်ဆေးရည်   (၅)လီတာဘူး (၁၂၀)ဘူး၊ (၅၀၀) မီလီ လီတာဘူး(၁၀)ဘူးတို့ကို ပေးအပ် လှူဒါန်းရာ စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၊ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လက်ခံရယူပြီး ကျေးဇူးတင် စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

FacebookTwitter