ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ကူညီစောင့်ရှောက်မှုဖြင့် သတ်မှတ်နေရာ အဆောက်အဦ (Community-based Facility Quarantine Center) များတွင်ထားရှိပြီး အသွားအလာကန့်သတ်ခြင်း အစီအစဉ်တွင် ပါဝင်သူများ နှင့် စေတနာ့ဝန်ထမ်းများ အတွက် Mask များ လာရောက်လှူဒါန်း

ရန်ကုန်၊ ၄.၆.၂၀၂၀
    အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့၏ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ပြည်သူလူထု၏ ဝိုင်းဝန်းပူးပေါင်း ကူညီစောင့်ရှောက်မှုဖြင့် သတ်မှတ်နေရာ အဆောက်အဦ (Community based Facility Quarantine Center) များတွင် ထားရှိပြီး အသွားအလာကန့်သတ်ခြင်း အစီအစဉ်တွင် ပါဝင်သူများနှင့် စေတနာ့ဝန်ထမ်းများအတွက် National University of Singapore Myanmar Society (NUSMM) က ပြန်လည်လျှော်ဖွပ်အသုံးပြုနိုင်သော Mask (၁၀၀၀၀) ခုကို အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့သို့ လှူဒါန်းရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်းရုံးသို့ လာရောက်ပေးအပ်လှူဒါန်းရာ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး၊ ဒေါက်တာကေသီကျော်က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
    အဆိုပါလှူဒါန်းသည့် Mask များသည် ရောဂါပိုး ကာကွယ်နိုင်ရန်အတွက် စီမံချုပ်လုပ်ထားပြီး ပြန်လည် လျှော်ဖွပ်အသုံးပြုနိုင်ကြောင်းနှင့် အမျိုးသား အဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ အစီအစဉ်ဖြင့် ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

FacebookTwitter