လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာသဘောတူညီချက် လက်မှတ်ရေးထိုးခြင်း

နေပြည်တော်၊ ၆.၈.၂၀၂၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန နှင့် WAVE MONEY (DIGITAL MONEY MYANMAR)  တို့အကြား ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ်၏ ၂၀၁၉-၂၀၂၀ ပြည့်နှစ်၊ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ်နှင့် စတုတ္ထသုံးလပတ်၌ အကျုံးဝင်သည့် အကျိုးခံစားခွင့် ရှိသူများထံသို့ Electronic Cash Transfer (ECT)ဖြင့် အစီအစဉ်ထောက်ပံ့ငွေကြေး လွှဲပြောင်းပေးအပ်ခြင်းလုပ်ငန်းအတွက် ပူးပေါင်းဆောင်ရွက်ရန် ဒေါ်ခင်မေနု၊ ဒုတိယညွှန်ကြားရေး မှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန နှင့် Mr. Neil Waller၊ Chief Risk Officer ၊Wave Money Myanmar တို့ သည် (၆-၈-၂၀၂၀) ရက်နေ့ ၊ နံနက် (၁၁း၃၀) အချိန်တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးခန်းတွင် လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။

FacebookTwitter