ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၏ Monitoring and Evaluation Framework အတွက် Indicator များ ဖော်ထုတ်ဆွေးနွေးနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ Video Conferencing စနစ်ဖြင့် တက်ရောက်

နေပြည်တော်၊ ၁၇.၉.၂၀၂၀
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန၏ Monitoring and Evaluation Framework အတွက် Indicator များ ဖော်ထုတ်ဆွေးနွေးနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို Virtual Workshop အနေဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက တက်ရောက်ခဲ့ပါသည်။            
အဆိုပါ Virtual Workshop သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ်၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဦးစီးဌာနများမှ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ UNICEF မှ Country Representative နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါ သည်။    
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီး ဌာနအနေဖြင့် သဘာဝဘေးနှင့် လူကြောင့်ဖြစ်သောဘေးများ၊ ပဋိပက္ခများ၊ တိုက်ပွဲများကြောင့် ဒုက္ခရောက်နေသော ပြည်သူများအား ကူညီ ထောက်ပံ့ရေး ဆောင်ရွက်ရာတွင် COVID-19 ဖြစ်ပွားနေသော လက်ရှိကာလတွင် ဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် လက်ရှိဆောင်ရွက် နေသော လုပ်ငန်းများအား ရပ်နားထား၍ မရနိုင်သလို COVID-19 ကာကွယ်တားဆီးရေး လုပ်ငန်းများတွင်လည်း ပူးပေါင်းဆောင်ရွက် ရသည်များ ရှိပါကြောင်း၊ ထို့ကြောင့် လုပ်ငန်း(၂)ရပ်လုံးအား ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်နေသည် ဖြစ်သည့်အတွက် အခက်အခဲများရင်ဆိုင်ရမည်ကို သိရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ဦးချင်းအတွက် အပြောင်းအလဲများကို ဖော်ဆောင်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာ တွင် ဥပဒေများ၊ မူဝါဒများချမှတ်ဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်းစဉ်များ တိုးတက်မှုရှိစေရန် အတွက် အညွှန်းကိန်းများ လိုအပ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် Monitoring & Evaluation လုပ်ငန်းသည် အရေးကြီးသော လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနနှင့် ဦးစီးဌာနအသီးသီးမှ Monitoring & Evaluation အတွက် အသီးသီးတာဝန်ယူ ဆောင်ရွက်နေကြ ပါကြောင်း၊ UNICEF မှ ပူးပေါင်းကူညီပံ့ပိုးမှုကြောင့် ထိရောက် အောင်မြင်မှုများရှိနေပါကြောင်း၊ ၂၀၁၉ နှစ်ဆန်းပိုင်းမှစ၍ Monitoring & Evaluation လုပ်ငန်းများအတွက် ဌာနအလိုက် တာဝန် ရှိသူအဆင့်ဆင့်နှင့် တွေ့ဆုံဆွေးနွေးမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်မှုအပေါ် အခြေခံ ၍ Ministry-Wide Monitoring & Evaluation Roadmap (မူကြမ်း) ပြုစုပြီးဖြစ်ကာ အသေးစိတ် ဆွေးနွေးအတည်ပြုပြီးလျှင် စာအုပ်ထုတ်ဝေနိုင်ရေးဆောင်ရွက်နေပါကြောင်း၊ ဝန်ကြီးဌာန တစ်ခုလုံးအတွက် ပြုစုထားသည့် M & E Roadmap ထွက်ရှိလာချိန်တွင် အသေးစိတ် Indicators များဖော်ထုတ်ရရှိရန်အတွက် လိုအပ်ပါကြောင်း၊ သို့မှသာ မိမိတို့၏ ရည်မှန်းချက်နှင့် လုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်မှုများ ကိုက်ညီဆီလျော်မှုရှိမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန နှင့် ဦးစီးဌာနများမှ တာဝန်ပေးအပ်ခံရသူများအနေဖြင့် လုပ်ငန်းအလိုက် မည်သည့် Indicators များထားရှိသင့်သည်ကို ညှိနှိုင်းဆွေးနွေးပေးကြရန်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေ ဖြင့် လူမှုကာကွယ်စောင့်ရှောက်ရေးလွှမ်းခြုံမှု၊ Early Childhood Care and Development (ECCD) ၊ Maternal and Child Cash Transfer Programme(MCCD) ၊ Social Cash Transfer ၊ ကျားမတန်းတူညီမျှမှု၊ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာညွှန်းကိန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် သဘာဝဘေးလျော့ပါးရေး၊ သဘာဝဘေး အသိပညာပေးရေး၊ ကြိုတင်သတိပေးစနစ်၊ သဘာဝဘေးနှင့် ပဋိပက္ခကြောင့်သေဆုံးမှု၊ ဒဏ်ရာရမှု၊ ပြည်တွင်း နေရပ်စွန့်ခွာသူများပြန်လည်နေရာချထားမှုဆိုင်ရာ အညွှန်းကိန်းများ၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာနအနေဖြင့် မိုင်းအန္တရာယ်အသိပညာပေး၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ကလေး စစ်သားလျော့ချရေး၊ ပြန်လည်ထူထောင်ရေးဆိုင်ရာအညွှန်းကိန်းများအား စုစည်းပြုစု၍ ဗဟို စာရင်းအင်းအဖွဲ့မှ ဆောင်ရွက်နေသည့် NIF Data စုစည်းမှုအတွက် ပေးပို့လျက်ရှိကြောင်း၊ ဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် M&E Framework သည် နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်နေ သည့် မူဝါဒများ၊ လုပ်ဆောင်မှုများဖြစ်သည့် MSDP/ NIF တို့နှင့် လိုက်လျောညီထွေ ဆောင်ရွက်နေသည်ကို သိရှိနားလည်ကြရန်လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနများနှင့် ဦးစီးဌာန များ၏ တိုးတက်မှုအနေအထားများအား တိုင်းတာရန်အတွက် အညွှန်းကိန်းများအား  စနစ်တကျ နှိုင်းယှဉ်သုံးသပ်နိုင်လျှင် ဦးစီးဌာန(၁)ခုချင်းစီအတွက် လုပ်ငန်းဆောင်ရွက်မှုများ၊ ရည်မှန်းချက် များ ပိုမိုပြည့်ဝအောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် အကျိုးရှိမည်ဖြစ်ပါကြောင်း၊ M&E Framework လက်ရှိအချိန်ထိ ရောက်ရှိစေရန် အတွက် ပူးပေါင်းဆောင်ရွက်ပေးကြသူများအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက် အကောင်အထည်ဖော်ရမည့်လုပ်ငန်းများအားလည်း ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက် ကြရန် မျှော်လင့်ပါကြောင်း၊ ယခု အညွှန်းကိန်းများဖေါ်ထုတ်ရာတွင် ကြုံတွေ့ရနိုင်သည့် အခက် အခဲများအား ပွင့်ပွင့်လင်းလင်းအတွေ့အကြုံများဖလှယ်၍ ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါ ကြောင်း၊ UNICEF မှ ပူးပေါင်းဆောင်ရွက်သူများအားလည်း ကျေးဇူးတင်ရှိပါကြောင်း၊ လက်ရှိ COVID-19 ကာလအတွင်း စိန်ခေါ်မှုနှင့် အခက်အခဲများအား ကျော်လွန်၍ လုပ်ငန်းများအား ထိရောက်စွာဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် UNICEF မှ Country Representative Ms. June Kunugi မှ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် Monitoring and Evaluation Roadmapရေးဆွဲမှုတွင် ပူးပေါင်းဆောင်ရွက်ခွင့်ရရှိတဲ့အတွက် ကျေးဇူးတင်ပါကြောင်း၊ ဆက်လက်ဆောင်ရွက်ရမည် M&E ကိစ္စရပ်များအတွက် ပံ့ပိုးပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
Virtual workshop ကို ဆက်လက်ကျင်းပရာ ဗဟိုစာရင်းအင်းအဖွဲ့၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှ  Monitoring and Evaluation Framework နှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းပြောကြားကြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် Monitoring and Evaluation Framework ကို စတင်ဆောင်ရွက်စဉ်ကတည်းကပင် ပြည်ထောင်ဝန်ကြီး၏ လမ်းညွှန်ချက်နှင့် အညီ ဦးစီးဌာနများကို ပူးပေါင်းဆောင်ရွက်ရန်ညွှန်ကြားခဲ့ပါကြောင်း၊ Indicator များနှင့် ပတ်သက်၍ ရုံးချုပ်မှ တာဝန်ရှိသူများအပြင် တိုင်းဒေသကြီး/ ပြည်နယ်များမှ တာဝန်ရှိသူများ အနေနှင့်လည်း သိရှိရန်လိုအပ်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်၏ ဦးတည်ချက်/ ရည်မှန်းချက်များ နှင့်အညီဆောင်ရွက်နေမှုများဖြင့် လိုက်လျော်ညီထွေရှိမည်ဖြစ်ကြောင်း၊ ပြည်သူ့အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့၏ လုပ်ငန်းများကို ပြန်လည်ဆန်းစစ်သုံးသပ်နိုင်မှသာ လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်နိုင်မည်ဖြစ်သည့်အတွက်  အရေးကြီးလုပ်ငန်းတစ်ခုပင် ဖြစ်ပါကြောင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter