(၁၆) ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ Virtual Conferencing ဖြင့် တက်ရောက်မိန့်ခွန်းပြောကြားခြင်း

စက်တင်ဘာလ ၂၄
ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၁၅) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများဆိုင်ရာ အစည်းအဝေးအား စက်တင်ဘာလ (၂၁) ရက်နေ့တွင်လည်းကောင်း၊ (၁၆) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးအား စက်တင်ဘာလ (၂၂) ရက်နေ့တွင်လည်းကောင်း၊ (၁၅) ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာအဆင့်မြင့် အရာရှိကြီးများအစည်းအဝေး+(၃)နိုင်ငံများ ဖြစ်သည့် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၏ အစည်းအဝေး များအား စက်တင်ဘာလ (၂၄) ရက်နေ့တွင်လည်းကောင်း Virtual Conferencing ဖြင့် ကျင်းပ ပြုလုပ်ရာ မြန်မာနိုင်ငံမှ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ Focal Person ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေး အား“Strengthening Family Resilience and Solidarity: Braving the Adversity and Adapting to the New Normal” ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ရာ သဘာပတိအဖြစ် လာအိုနိုင်ငံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိမှ ဆောင်ရွက်ခဲ့ပါသည်။
(၁၅) ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်းများဆိုင်ရာ အစည်းအဝေးမှ အာဆီယံဒေသတွင်း နိုင်ငံများရှိ မိသားစုများသည် ကမ္ဘာကပ်ရောဂါဖြစ်သော covid-19 နှင့် ပတ်သက်၍ အမျိုးမျိုးသော စိန်ခေါ်မှုများနှင့် စိတ်ဖိစီးမှုများစွာခံစားနေရပါကြောင်း၊ ယင်းစိန်ခေါ်မှုများတွင် အသက်မွေးဝမ်း ကျောင်းမှုလုပ်ငန်းများဆုံးရှုံးခြင်း၊ မိသားစုများအတူတကွ နေထိုင်နိုင်မှုမရှိခြင်း၊ ကလေးသူငယ် များ၏ ပညာရေးအတွက် နည်းလမ်းအသစ်ဖြင့် သင်ယူမှုများ၊ ဆက်သွယ်မှုများဆောင်ရွက်ရခြင်း နှင့်ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုရေးဝန်ဆောင်မှုများနှင့်ပတ်သက်၍ လက်လှမ်းမီမှု နည်းပါး ခြင်းတို့အား ရင်ဆိုင်လျက်ရှိပါကြောင်း၊  ယင်းစိန်ခေါ်မှုများအား ပြောင်းလဲဆောင်ရွက်နိုင်ရေး အတွက် မိသားစုများအတွင်း ရင်ဆိုင်နိုင်သောစွမ်းရည်နည်းပါးပါကြောင်း၊ အထူးသဖြင့် ကလေး များ၊အထူးစောင့်ရှောက်ရန်လိုအပ်သော ကလေးသူငယ်များ၊ မသန်စွမ်းလူငယ်များအတွက်် ပညာရေးလက်လှမ်းမီမှုခက်ခဲခြင်း၊ စားနပ်ရိက္ခာဖူလုံမှု၊ အာဟာရပြည့်ဝစွာရရှိမှုများသည်လည်း ပါဝင်ပါကြောင်း၊  ကပ်ရောဂါဖြစ်ပွားနေသည့် အချိန်ကာလအတွင်း Family-friendly and Family-focused မူဝါဒများချမှတ်၍ မိသားစုအတွင်း နေ့စဉ်လူနေထိုင်မှုဘ၀အား မြင့်တင်ပေးရမည်ဖြစ်ပြီး ယင်းအစီအမံများအားလည်း covid-19 အလွန်ကာလတွင်လည်း ဆက်လက်ဆောင်ရွက်ပေးရမည် ဖြစ်ပြီး လိုအပ်သောအစီအမံများကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သက်ဆိုင်သော အစိုးရအဖွဲ့အစည်းများမှ ကမ္ဘာကပ်ရောဂါ covid-19 ရိုက်ခတ်မှုများ၊ မိသားစုများ ကြံကြံခံနိုင် ရေးနှင့် ကိုင်တွယ်နိုင်ရေးနည်းဗျူဟာများ၊ လိုအပ်သောအစီအမံများအား ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ဆွေးနွေးနိုင်ရန် အခွင့်အလမ်းများရရှိခဲ့ပါသည်။
 (၁၆) ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီး များအစည်းအဝေးနှင့် (၁၅) ကြိမ်မြောက် အာဆီယံ လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများဆိုင်ရာ ဆက်စပ်အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ်မှ မြန်မာနိုင်ငံတွင်လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ်အဖြစ် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော (၂) နှစ်အောက် ကလေးငယ်များ ထောက်ပံရေး အစီအစဉ်၊ အသက် (၈၅) နှစ်အထက် သက်ကြီးရွယ်အိုများအတွက် လူမှုရေးပင်စင်အား ထောက်ပံ့ ပေးလျက်ရှိပါကြောင်း၊ မသန်စွမ်းသူများဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာ ၂၀၂၀-၂၀၂၅ ချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာကပ်ရောဂါ covid-19 ကာလအတွင်း COVID-19 Economic Relief Plan (CERP) အစီအစဉ်အရ ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက် (၂) နှစ်အောက်ကလေးများ၊ မသန်စွမ်း၊ သက်ကြီးရွယ်အိုများကို One Time Cash Transfer ဖြင့် ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ Community Facility Quarantine Centre များတွင် တာဝန်ထမ်းဆောင်မည့် စေတနာ့ဝန်ထမ်းများကိုလည်း စွမ်းဆောင်ရည်မြှင့်တင်ပေး လျက်ရှိပါကြောင်း၊ စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်းကိုလည်း Hot Line မှတစ်ဆင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အကြမ်းဖက်မှုမှ ကာကွယ်နိုင်ရန် အတွက် Help Line ထားရှိပြီး ကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံများအနေဖြင့် အာဆီယံနိုင်ငံများ၏ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များ၊ COVID-19 ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိခြင်း ကြောင့် ကျေးဇူးတင်ရှိပါကြောင်းပြောကြားခဲ့ပါသည်။
အစည်းအဝေးတွင် အာဆီယံနိုင်ငံများ အချင်းချင်းအတွေ့အကြုံများ၊ အလေ့အကျင့်ကောင်း များဖလှယ်ခြင်း၊ ရှေ့ဆက်သွားမည့် လူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နည်းဗျူဟာမူဘောင် (၂၀၂၁-၂၀၂၅) နှင့်ဆိုင်သည့်လုပ်ငန်းများ၊ အာဆီယံ+၃နိုင်ငံများ၏ ပူးပေါင်းကူညီမှုများ၊ ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးကြပါသည်။ အာဆီယံနိုင်ငံအချင်းချင်း ပူးပေါင်း ဆောင်ရွက်မှုဖြင့် ကမ္ဘာကပ်ရောဂါ covid-19 ကာလအတွင်း အာဆီယံဒေသတွင်းရှိ ထိခိုက်လွယ် သောအုပ်စုများအတွက် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အစည်းအဝေးသို့ အာဆီယံဒေသတွင်းရှိ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး မှတာဝန်ရှိသူများ၊ အာဆီယံ+၃ နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြောင်းသတင်းရရှိပါသည်။

FacebookTwitter