(၁၀.၁၀.၂၀၂၀)ရက်နေ့တွင် ကျရောက်သည့် World Mental Health Day အထိမ်းအမှတ် Online အခမ်းအနားသို့ တက်ရောက်အမှာ စကားပြောကြား

နေပြည်တော်၊ ၁၀.၁၀.၂၀၂၀
    UNICEF (မြန်မာ)နှင့် Metanoia Mental Health Services and Resource Center တို့ပူးပေါင်း၍ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day)  အထိမ်းအမှတ် အခမ်းအနားကို ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ(၁၁)ရက်နေ့တွင် Online ဖြင့် ဆောင်ရွက်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
    အခမ်းအနားသို့ UNICEF (မြန်မာ)၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. June Kunugi ၊ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဉီးကိုလေးဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဒေါ်မြင့်မြင့်သန်း၊ လူမှုဝန်ထမ်းဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ခင်မေနု၊ ICT Training Center မှ နှစ်သိမ့်ဆွေးနွေးမှုဆိုင်ရာ ကျွမ်းကျင်ပညာ ရှင်၊ ဒေါက်တာ ဒေါ်အေးမြတ်လွင်၊ Metanoia Mental Health Services and Resource Centerမှ စိတ်ကျန်းမာ ရေးပံ့ပိုးမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် တာဝန်ရှိသူများ၊  အစိုးရမဟုတ်သော အဖွဲ့အစည်း များ၊ လေ့လာသူများ Online မှ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
    အခမ်းအနားတွင် UNICEF (မြန်မာ)၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Ms. June Kunugi ၊ လူမှုဝန်ထမ်းဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာဒေါ်စန်းစန်းအေး၊ အခြေခံပညာဉီးစီး ဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဉီးကိုလေးဝင်း၊ နှစ်သိမ့်ဆွေးနွေးမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်၊ ဒေါက်တာဒေါ်အေးမြတ်လွင်တို့က အမှာစကားအသီးသီးပြောကြားခြင်း၊ Metanoia Mental Health Services and Resource Center မှ စိတ်ကျန်းမာရေးပံ့ပိုးမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဖြစ်သူ ဒေါက်တာခင်ရတနာစိုးနှင့် ဒေါက်တာဉမ္မာဝင်းဖေ တို့မှ  COVID-19 ကူးစက်ရောဂါဖြစ်ပွား နေချိန်တွင် စိတ်ကျန်းမာရေးအတွက် မိမိကိုယ်ကိုယ်ပြုစုစောင့်ရှောက်ခြင်းနှင့် အကူအညီ ရယူ ခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခြင်း၊ တက်ရောက်လာသူများမှ အုပ်စုငယ်များခွဲ၍ အတွေ့ အကြုံများအား မျှဝေခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။
    ညွှန်ကြားရေးမှူးချုပ်၏မိန့်ခွန်းတွင်  COVID-19 ကူးစက်ရောဂါသည် လူသားတို့၏ ကျန်းမာရေးအသက်အန္တရာယ်ကို ခြိမ်းခြောက်လာရုံမျှသာမက နေ့စဉ်လူနေမှုဘဝနှင့် စိတ်ပိုင်း ဆိုင်ရာများကိုပါ သက်ရောက်မှုများ ရှိပါကြောင်း၊ COVID-19 ကာလအတွင်း အကြောင်းအမျိုး မျိုးကြောင့်    စိတ်ဖိစီးမှုများကို ခံစားရမှာဖြစ်ပါကြောင်း၊ စိတ်ကျန်းမာရေးဆိုင်ရာ ပြဿနာရှိသူ များမှာလည်း လူမှုရေးပိုင်းဆိုင်ရာအထီးကျန်မှု(Social Isolation)တွေကို ပိုမိုခံစားရမှာဖြစ် ပါကြောင်း၊ ယခုကာလမှာ စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုရေးဆိုင်ရာပံ့ပိုးမှုတွေကို ပိုမိုဆောင်ရွက် ပေးဖို့ လိုအပ်ပါကြောင်း၊  ၂၀၂၀ပြည့်နှစ်  ကမ္ဘာ့စိတ်ကျန်းမာရေးနေ့အတွက် ဆောင်ပုဒ်ဖြစ်သည့် Mental Health for all. Greater Investment – Greater Access. Everyone, everywhere မှာ လက်ရှိအခြေအနေကိုထင်ဟပ်လျက်ရှိပါကြောင်း၊ ၎င်းဆောင်ပုဒ်နှင့်အညီ ကျန်းမာရေး၊ ငွေကြေး အရင်းအမြစ်တွေ၊ လူသားအရင်းအမြစ်တွေကို ပိုမိုရင်းနှီးမြှုပ်နှံရမှာဖြစ်ပြီး  ဝန်ဆောင်မှုတွေကို လူတိုင်းလက်လှမ်းမီရရှိခံစားနိုင်ဖို့ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် အရေးပေါ်အခြေအနေတွင် စိတ်လူမှုရေးပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် Psychosocial Support Team များဖွဲ့စည်းခြင်း၊ သင်ရိုးညွှန်းတမ်းရေးဆွဲခြင်း၊ သင်တန်းပေး ခြင်းတို့ ဆောင်ရွက်နေပါကြောင်း၊  မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားခဲ့မှုဖြစ်စဉ် များနှင့် ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုဖြစ်စဉ်များတွင်  လူမှုဝန်ထမ်းဦးစီးဌာန၏  ဝန်ထမ်း များက စိတ်ပိုင်းဆိုင်ရာပံ့ပိုးပေးခဲ့ပါကြောင်း၊  ရေရှည်စီမံချက်အဖြစ် ရခိုင်ပြည်နယ် အတွင်း ယာယီလက်ခံရေးစခန်းများမှ ပြန်လည်ဝင်ရောက်လာသူများရောက်ရှိပါက ဆောင်ရွက်နိုင်ရေး အတွက် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုပေးမည့် အဖွဲ့(၄)ဖွဲ့ကို ဖွဲ့စည်းထားရှိပါကြောင်း၊   COVID-19 ကာလတွင် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုလိုအပ်နေသူတွေကို ဝန်ဆောင်မှုပေးနိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဉီးစီးဌာနအနေဖြင့် စိတ် ဓါတ်ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ အခမဲ့ဝန်ဆောင်မှုပေးလျက်ရှိပါကြောင်း၊  နေပြည်တော်ကောင် စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးမှာ Hotline ဖုန်း(၄)လုံးစီဖြင့် (၉.၄.၂၀၂၀) ရက်နေ့ကနေစပြီး နံနက် (၀၉:၃၀) မှ (၁၆:၃၀)နာရီအထိ ဝန်ဆောင်မှုပေးနေပါကြောင်း၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်နေသည့်  စေတနာ့ဝန်ထမ်းများကိုလည်း  စိတ်ဖိစီးမှုဆိုင်ရာ အခြေခံအချက်အလက် များသိရှိနိုင်ရေးအတွက် သင်တန်းများပေးလျက်ရှိပါကြောင်း၊ စေတနာ့ဝန်ထမ်းများ အနေဖြင့် ရောဂါပိုးရှိသူများနှင့် တိုက်ရိုက်ထိတွေ့နေရသည့်အတွက် ရောဂါကူးစက်မှာကို စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုများကို ခံစားကြုံတွေ့နိုင်သဖြင့် ICT Training Centre နဲ့ပူးပေါင်းပြီး ရန်ကုန်တိုင်း ဒေသကြီးရှိ စေတနာ့ဝန်ထမ်း(၄၇၉)ဦးကို Onlineဖြင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးခဲ့ပါကြောင်း၊  လူမှု ဝန်ထမ်းဦးစီးဌာနအနေဖြင့် လူမှုရေးပြဿနာများ၊ လူမှုရေးအခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ နေရသူများကို လူမှုကာကွယ်စောင့်ရှောက်ရေးနည်းလမ်းများကို အသုံးပြုပြီး  ဝန်ဆောင်မှုများ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်းဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter