နေပြည်တော်ကလေးပြုစုရေးဌာနအတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ထမ်းမိသားစုများက အလှူငွေများလာရောက်လှူဒါန်း

နေပြည်တော်၊ ၂၉.၁၀.၂၀၂၀
    မြန်မာနိုင်ငံရင်ခွင်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်းက ဆောက်လုပ်လှူဒါန်းထားသည့် နေပြည်တော်ကလေးပြုစုရေးဌာနတွင် အသုံးပြုနိုင်ရန်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ဇနီးဒေါ်မြသိင်္ဂီ အမှူးပြုသော ဝန်ထမ်းမိသားစုများ၏ စုပေါင်းအလှူငွေများကို ယမန်နေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီဒေါက်တာဝင်းမြတ်အေး လက်ခံခဲ့ပါသည်။
ရှေးဦးစွာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး၏ဇနီးဒေါ်မြသိင်္ဂီက လှူဒါန်းရသည့်အကြောင်းအရင်းကို ရှင်းလင်းပြောကြားပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရင်ခွင်မဲ့ကလေးများအတွက်သာမက တစ်ကိုယ်ရေမိခင်များ  စောင့်ရှောက်ရေးလုပ်ငန်းကိုလည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သည့် ကလေးငယ်များအတွက် ရေရှည်သုံးစွဲနိုင်မည့် ငွေပဒေသာပင်ကို မတည်လှူဒါန်းပေး ခြင်းအတွက် အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းမိသားစု များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
    ယင်းနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဇနီးဒေါ်မြသိင်္ဂီက ငွေပဒေသာပင်အတွက် ငွေကျပ်သိန်းတစ်ရာကို ပေးအပ် လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

FacebookTwitter