China-Myanmar Youth Webinar ကျင်းပခြင်း

နေပြည်‌တော်၊ ၂၀.၁၁.၂၀၂၀
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ All China Youth Federation နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသံရုံး၊ ပေကျင်းမြို့တို့ပူးပေါင်း၍ China-Myanmar Youth Webinar ကို ၂၀.၁၁.၂၀၂၀ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀)နာရီမှ (၁၈:၀၀) နာရီအထိ ကျင်းပခဲ့ပါသည်။
    အဆိုပါ Webinar သို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာ စန်းစန်းအေး က မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား သံတမန် ဆက်ဆံရေးထူထောင်သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် ယခုကဲ့သို့ နှစ်နိုင်ငံလူငယ်များပါဝင်သည့် Online အစည်း အဝေးကို ကျင်းပနိုင်ခြင်းဖြင့် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အထောက်အပံ့ ဖြစ်စေပါကြောင်းနှင့် မြန်မာနိုင်ငံ၏ လူငယ်ရေးရာမူဝါဒရေးဆွဲထားရှိမှု အခြေအနေများနှင့် လူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၀-၂၀၂၄) အပေါ် အကောင် အထည်ဖော်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တရုတ်ပြည်သူ့ သမ္မတနိုင်ငံ All China Youth Federation မှ Mr. Wu Wei, Deputy Secretary-General က တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးသည် အေးအတူပူအမျှ နေထိုင်ရေးကို ဦးတည်ပါကြောင်း၊ အခက်အခဲတွေကို အပြန်အလှန်ကူညီကြရင်းဖြင့် အသစ်တီထွင်မှုတွေကို ဖန်တီးကြရန်ဖြစ် ပါကြောင်း၊ ပူးပေါင်းဆောင်ရွက်မှုသည် အကောင်းဆုံး နည်းလမ်းဖြစ်ပါကြောင်း ဆွေးနွေးခဲ့ ပါသည်။
ဆက်လက်၍ မြန်မာသံရုံး၊ ပေကျင်းမှ သံမှူးကြီး ဦးဟန်ဝင်းအောင် က တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ရရှိစေရေးအတွက် တရုတ်-မြန်မာနှစ်နိုင်ငံအကြား ယခုအွန်လိုင်း ဆွေးနွေးပွဲမှသည် နှစ်နိုင်ငံလူငယ်များအကြား ပိုမိုထိတွေ့စေနိုင်ပြီး ပညာရေး၊ ယဉ်ကေျးမှု၊ 
နည်းပညာ နယ်ပယ်တို့တွင် အမြင်ချင်းဖလှယ်နိုင်ရေးအတွက် မျှော်လင့်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
    ထို့နောက် နှစ်နိုင်ငံစွန့်ဦးတီထွင် လူငယ်ကိုယ်စားလှယ်များက လက်ရှိ COVID-19 ကာလအတွင်း စီးပွားရေးလုပ်ငန်းများတွင် အသစ်တီထွင်ဖန်တီးမှုများနှင့် စိန်ခေါ်မှုများအပေါ် ကျော်လွှားနိုင်မည့်နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံလူငယ် ရေးရာကော်မတီမှ လူငယ်ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံစွန့်ဦးတီထွင် လုပ်ငန်းရှင်များ အသင်းမှ လူငယ်ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး ဆွေးနွေးမှုများအပေါ် မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း အစီအစဉ်များကို ဆောင်ရွက်ခဲ့ကြပါသည်။ ဆက်လက်၍ နှစ်နိုင်ငံအတွေ့အကြုံဖလှယ်ခြင်းအစီအစဉ်မှ လူငယ်များအချင်းချင်း email နှင့် social media များကတဆင့် ဆက်လက်ချိတ်ဆက်ပြီး ဆောင်ရွက်နိုင်ရေးကိုလည်း ဆွေးနွေး ခဲ့ပါသည်။ ယနေ့ကျင်းပသော အစီအစဉ်သည် နှစ်နိုင်ငံလူငယ်များအတွက် အကျိုးရှိသော အစီ အစဉ်ဖြစ်ပါ၍ အနာဂတ်တွင်လည်း ဆက်လက်ဆောင်ရွက်ကြမည် ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ ကြပါသည်။ 

FacebookTwitter