ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ ဒီဇင်ဘာ၁၁၊နေပြည်တော်

ဒီဇင်ဘာ၁၁၊နေပြည်တော်

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည်မြန်မာနိုင်ငံဆိုင်ရာဗြိတိန်နိုင်ငံသံအမတ်ကြီး H.E Mr.Dan Chugg အား Online Meeting ဖြင့်ယနေ့နံနက်ပိုင်းတွင်တွေ့ဆုံခဲ့ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် ရာသီဥတုပြောင်းလဲမှုအကျိုးဆက်ကြောင့်ပိုမိုဖြစ်ပွားလာနိုင်မည့်သဘာဝ ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကာကွယ်ရေး၊ ပြည်သူလူထုအတွင်းဘေးဒဏ်ကြံ့ကြံ့ခံနိုင်မှုမြင့်မား လာစေရေးစသည့်နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ကိုဗစ်-၁၉ကပ် ရောဂါ ကာကွယ်တုံ့ပြန်တားဆီးရေးနှင့် ပတ်သက်၍ထိခိုက်လွယ်အုပ်စုများ၊ နေရပ်စွန့်ခွာရသူများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ဆောင်ရွက်နေမှုအခြေအနေများ၊ရခိုင်ပြည်နယ်နှင့်ကချင်ပြည်နယ် အပါအဝင်ပဋိပက္ခဖြစ်ပွားရာဒေသများရှိနေရပ်စွန့်ခွာရသူများပြန်လည်နေရာချထားရေးနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များ၊ လူမှုသဟဇာတမျှတရေးဆောင်ရွက်နေမှုအခြေအနေများ၊ ပြန်လည် နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် အဓိကအရေးပါ သောလူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ညှိနှိုင်း ဆောင်ရွက်နေမှုအခြေအနေများ ပြည်တွင်းနေရပ်စွန့်ခွာစခန်းများတွင် မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ ကိုဗစ်-၁၉ကာလအတွင်း နေရပ်စွန့်ခွာရသူများတိုက်ပွဲ ရှောင်ပြည်သူများအပါအဝင် သက်ကြီးရွယ်အို၊ မသန်စွမ်းသူများနှင့် ကိုယ်ဝန်ဆောင်များအစရှိသည့် ထိခိုက်လွယ်အုပ်စုများအားငွေကြေးထောက်ပံ့မှုနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် UK နိုင်ငံအစိုးရမှရန်ပုံငွေထည့်ဝင်ထားသော LIFT Fund နှင့်ပူးပေါင်း ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

FacebookTwitter