လူမှုဝန်ထမ်းဦးစီးဌာနနှင့် The Leprosy Mission Myanmar (TLMM) တို့ပူးပေါင်း၍ Early Childhood Intervention (ECI)လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်နေသူများနှင့် ဝန်ဆောင်မှု ပေးသူများအတွက် Online Retreat Program အားသစ်လောင်းအစီအစဉ် ကျင်းပပြုလုပ်ခြင်း

နေပြည်တော်  ၁၈.၁.၂၀၂၁  ၊COVID-19 ကပ်ရောဂါနှင့် အတူယှဉ်တွဲနေထိုင်ရသော လူနေမှုပုံစံသစ်အတွင်း Early Childhood Intervention (ECI) ရှေ့ပြေးဝန်ဆောင်မှုလုပ်ငန်းများကို အောင်မြင်စွာ ဆက်လက် အကောင်အထည်ဖော်နိုင်ရန်အတွက် အားသစ်လောင်းအစီအစဉ်တစ်ရပ် (Online Retreat Program) ကို (၁၈.၁.၂၀၂၁)ရက်နေ့တွင်  Zoom Application ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ခင်မေနု က မွေးစမှ အသက်(၅)နှစ်အရွယ်ရှိ ကလေး သူငယ်များအတွက် ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေ တိုင်းတာစစ်ဆေးမှုနှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မှုအခြေအနေ၊ တွေ့ကြုံရသည့်အခက်အခဲများ၊ စိန်ခေါ်မှုများကို ပထမဦးစွာပြောကြားခဲ့ပြီး ယနေ့အားသစ်လောင်း အစီအစဉ် (Online Retreat Program) ကျင်းပရခြင်း၏ရည်ရွယ်ချက်၊ ပြုလုပ်မည့်အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ 
(၁၈.၁.၂၀၂၁)ရက်နေ့မှ  (၂၁.၁.၂၀၂၁)ရက်နေ့ထိ   လေးရက်တာ ကျင်းပပြုလုပ်မည့်အဆိုပါ အစီအစဉ်ကို Stride Consulting မှ CEO, Mr. Stephen Chinnaswamy က ဦးဆောင် ပြုလုပ် သွားမည်ဖြစ်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဆက်စပ်ဝန်ကြီးဌာနများမှ ECI ဝန်ဆောင်မှု ဆောင်ရွက် လျက်ရှိသော ပညာရှင်များ၊ ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် NGO အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ECI Online Retreat Program (၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့ အထိ)
သင်တန်းပို့ချသူ= Stephen Chinnaswamy
သင်တန်းသားအရေအတွက် =၁၀၇ယောက်
 

FacebookTwitter