လူမှုဝန်ထမ်းဉီးစီးဌာနနှင့် ဖွံ့ဖြိုးရေး မဏ္ဍိုင်အဖွဲ့ (Local Resource Centre-LRC) တို့ ပူးပေါင်း၍ မိုဘိုင်းဖုန်းအသုံးပြုသည့် ငွေကြေး ဝန်ဆောင်မှုနှင့်ပတ်သက်သော ဒစ်ဂျစ်တယ်နည်းပညာတတ်မြောက်မှု (Digital Literacy) သင်တန်းတစ်ခုကို Online ဖြင့် ကျင်းပပြုလုပ်ခြင်း

    ၁၂-၁-၂၀၂၁ ရက်နေ့၊ နံနက်(၁၁:၀၀)နာရီတွင်  လူမှုဝန်ထမ်းဉီးစီးဌာနနှင့် ဖွံ့ဖြိုးရေး မဏ္ဍိုင်အဖွဲ့ (Local Resource Centre-LRC) တို့ ပူးပေါင်း၍ မိုဘိုင်းဖုန်းအသုံးပြုသည့် ငွေကြေး ဝန်ဆောင်မှုနှင့်ပတ်သက်သော ဒစ်ဂျစ်တယ်နည်းပညာတတ်မြောက်မှု (Digital Literacy) သင်တန်း    တစ်ခုကို Online ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ခင်မေနုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန(ရုံးချုပ်)မှ အမျိုးသမီး အရာထမ်း၊ အမှုထမ်း (၅၅)ဦး တက်ရောက်ခဲ့ပါသည်။
    ပထမဦးစွာ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ခင်မေနုက အဖွင့် အမှာစကားပြောကြားရာတွင် နိုင်ငံတော်သစ်တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်များဖြစ်သော သက်ဆိုင်ရာဌာနများရှိ ဝန်ထမ်းများနှင့် ရပ်ရွာရှိ အမျိုးသမီးများအနေဖြင့်  မိုဘိုင်းဖုန်းကို အသုံးပြုပြီး စီးပွားရေးအခွင့်အလမ်းဖော်ဆောင်ပေးရန်အတွက်  အမျိုးသမီးများ နိုင်ငံရေးနှင့် စီးပွားရေးကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ရေးနည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ Work Plan အရ ယခုသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ယနေ့ခေတ်ကာလမှာကျေးလက်၊ မြို့ပြ မည်သို့ပင်ကွဲပြားမှုရှိနေသော်လည်း မိုဘိုင်းဖုန်းကိုတော့ လူတိုင်းနီးပါး ကိုင်တွယ်အသုံးပြု နေကြပြီဖြစ်ပါကြောင်း၊ လက်ရှိကာလမှာအားလုံးသိရှိထားတဲ့အတိုင်း COVID-19 ရဲ့ နောက်ဆက်တွဲအကျိုးဆက်အနေနဲ့ ဝန်ဆောင်မှုပေးသူရော၊ ဝန်ဆောင်မှုရယူသူတွေရောဟာ အွန်လိုင်း Shopping အဖြစ် မိုဘိုင်းဖုန်းကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းများကို တွင်တွင် ကျယ်ကျယ် အသုံးပြုလာနေပြီဖြစ်ပါကြောင်း၊ ယခု သင်တန်းတက်ရောက်ပြီးသူ အမျိုးသမီးများ အနေဖြင့် ဖုန်းအသုံးပြုနည်း၊ အင်တာနက်အသုံးပြုနည်း၊ Mobile Money အသုံးပြုနည်းစသည့် ပညာများ တတ်မြောက်လာမှာဖြစ်တဲ့အတွက် မိုဘိုင်းဖုန်းကို အသုံးပြုပြီး စီးပွားရေးအခွင့်အလမ်း ဖော်ဆောင်လာနိုင်ခြင်း၊ ကျေးလက်နေအမျိုးသမီးများဘဏ္ဍာရေးစနစ်တွင် ပါဝင်လာနိုင်စေခြင်း စတဲ့ အကျိုးကျေးဇူးများ ရရှိလာမှာဖြစ်လို့ အင်မတန်အကျိုးရှိသော သင်တန်းတစ်ခုဖြစ်‌ပါ ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဝန်ထမ်းများနှင့် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်ကျောင်းများမှ ဝန်ထမ်းများ စုစုပေါင်း(၄၀)ဦးကို သင်တန်း(၈)ကြိမ်ပို့ချပေးခဲ့ပြီး အဆိုပါ ဝန်ထမ်းများမှ ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချနေတာဖြစ်ပါကြောင်း၊ ခရိုင်လူမှုဝန်ထမ်းရုံး များရှိ ဝန်ထမ်းများကိုလည်း သင်တန်းများ ထပ်မံပို့ချပေးမယ်လို့ သိရှိရပါကြောင်း၊ မိမိတို့ ဝန်ထမ်းများမှ ပြန်လည်ပို့ချတဲ့ ဆင့်ပွားသင်တန်းများရရှိကြတဲ့ ရပ်ရွာအတွင်းရှိ အမျိုးသမီးများ အနေနဲ့လည်း မိုဘိုင်းဖုန်းကိုအသုံးပြုပြီး စီးပွားရေးအခွင့်အလမ်းများကို ဖော်ဆောင်နိုင်ကြမှာ ဖြစ်တဲ့အတွက် သင်တန်းစီစဉ်ပေးသူ ဖွံ့ဖြိုးရေးမဏ္ဍိုင်အဖွဲ့ကိုလည်း အထူးကျေးဇူးတင်ရှိပါ ကြောင်း ပြောကြားသွားခဲ့ပါသည်။
ဆက်လက်ပြီး Mobilizing Myanmar Program ၏ Advisor and Founder ဖြစ်သူ  ဒေါ်ပွင့်ဖြူထွန်းမှ ကိုဗစ်အလွန်ကာလအတွင်း မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအခွင့်အလမ်းများ၊ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုသုံးစွဲနှုန်းအခြေအနေ တိုးတက် လာမှု၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးမှုပန်းတိုင်များ(SDGs)နှင့် ဒစ်ဂျစ်တယ်ငွေကြေး ဝန်ဆောင်မှုများ ဆက်စပ်မှုအပြင် ကျေးလက်ဒေသရှိ အမျိုးသမီးများဘဏ္ဍာရေးစနစ်အတွင်း ပါဝင်လာစေရေးအတွက် အခြေခံလိုအပ်ချက်များအကြောင်းဆွေးနွေးတင်ပြခဲ့ပါသည်။
Mobilizing Myanmar Program ၏ Project Lead ဖြစ်သူ ဒေါက်တာကေသီမြင့်သိန်းမှ Mobile Money ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အခြေခံသဘောတရားများနှင့် အဆိုပါ Mobile Money ဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာနှင့် အကျိုးရှိရှိအသုံးပြုနိုင်သည့် နည်းလမ်း များအကြောင်း ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် Mobile Money ဝန်ဆောင်မှုအသုံးပြုနည်းများကို မိမိဘာသာလေ့လာနိုင်သည့် မေဓန Mobilizing Myanmar ChatBox ကို မိတ်ဆက်ပြသခဲ့ပါ သည်။ အဆိုပါသင်တန်းတွင် သင်တန်းသူများမှ ဆရာမများနှင့်အတူ Online မှ တစ်ဆင့် Mobile Money ဝန်ဆောင်မှု အသုံးပြုနည်းများကို လက်တွေ့လေ့ကျင့်ကြပြီး ညနေ(၁၅:၄၅) နာရီတွင် သင်တန်းအား ရပ်နားခဲ့ပါသည်။
 

FacebookTwitter