အာဆီယံအဆင့်မြင့်အရာရှိကြီး ယဉ်ကျေးမှုဆိုင်ရာဖိုရမ်သို့ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာ ဘာသာရပ်တာဝန်ခံများ Virtual Conferencing ဖြင့် အစည်းအဝေးတက်ရောက်ခဲ့ခြင်း

နေပြည်တော်၊ ၂၇.၅.၂၀၂၁

 ASEAN High-Level Cultural Forum on Promoting an Adaptive ASEAN Community of Greater Understanding, Tolerance and a Sense of Regional Agendas Among the Peoples ASEAN အား (၂၇.၅.၂၀၂၁) ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီ မှ (၁၅:၀၀) နာရီထိ Virtually ကျင်းပပြုလုပ်ခဲ့ရာ  အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး(SOMSWD)၏ ကိုယ်စားလှယ်ဖြစ်သူ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာစန်းစန်းအေးနှင့် သက်ဆိုင်ရာ ဘာသာရပ်တာဝန်ခံများ တက်ရောက်ခဲ့ပါသည်။

အဆိုပါ အာဆီယံဒေသတွင်း အဆင့်မြင့်ယဉ်ကျေးမှုဆိုင်ရာ ဖိုရမ်တွင်အာဆီယံနိုင်ငံ များမှ Panelists များက ဦးဆောင်၍ စင်္ကာပူနိုင်ငံတွင် COVID-19 ကာလအတွင်း တုံ့ပြန် ဆောင်ရွက်မှုများ၊ ဖိလစ်ပိုင်နိုင်ငံ၏  ဒေသခံပြည်သူများအတွက် အခြေခံပညာရေး လက်လှမ်းမီစေရေးအတွက် ဆောင်ရွက်မှုအခြေအနေများ၊ ယဉ်ကျေးမှုအခြေပြုပညာရေး ဆိုင်ရာမူဝါဒရေးဆွဲမှုအခြေအနေများ၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် နည်းပညာ သင်တန်းများ ပံ့ပိုးမှုအခြေအနေများအား အသီးသီးဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ အာဆီယံဒေသတွင်း၌ ငြိမ်းချမ်းရေးတည်ဆောက်ရေး လုပ်ငန်းစဉ်တွင် လူငယ်များ၏ အခန်းကဏ္ဍမြှင့်တင်ဆောင်ရွက်မှုများ၊ ဒေသတွင်းလူငယ်များအချင်းချင်း အပြန်အလှန် လေးစားမှု၊ ကပ်ရောဂါနှင့် သဘာဝဘေးအန္တရာယ်များအား ကြံ့ကြံ့ခံတုံ့ပြန် ဆောင်ရွက်မှုများ၊ ဒေသတွင်းငြိမ်းချမ်းရေးအတွက် Media Strategy အား အကျိုးရှိစွာ အသုံးပြုနိုင်မှု အခြေအနေများ၊ ဒေသတွင်း စည်းလုံးညီညွှတ်မှုမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် အဆိုပါ လုပ်ငန်းစဉ်များအတွက် ထိရောက်သောမူဝါဒများချမှတ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ပါ သည်။

FacebookTwitter