လူမှုဝန်ထမ်းဦးစီးဌာနမှဖွင့်လှစ်ထားသော အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများမှ ကျောင်းအခြေပြုသင်တန်း (၃/၂၀၂၂) ဖွင့်လှစ်နေမှု သတင်းစဉ်

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည်  ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံ နှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်း စသည့် သင်တန်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ်(၈)ခု၊ အပတ်စဉ်တစ်ခုလျှင် (၆)ပတ် ကြာ သင်ကြားပေးလျက်ရှိပါသည်။

 အဆိုပါ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများ၌ သင်တန်းအပတ်စဉ် (၃/ ၂၀၂၂) အား (၁၀-၁-၂၀၂၂) ရက်နေ့မှ (၁၈-၂-၂၀၂၂) ရက်နေ့ထိ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်လျက်ရှိပြီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း (၁၀) ကျောင်းတွင် (၁၃-၁-၂၀၂၂) ရက်နေ့ထိ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း (၄၇၈) ဦး တက်ရောက်လျက်ရှိပါသည်။

FacebookTwitter