ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများ ရှမ်းပြည်နယ်အတွင်း ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးသူငယ်များနှင့်စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ခြင်း၊ ဦးစီးဌာနရုံးများနှင့်မူလတန်းကြိုကျောင်းတို့အား ကြည့်ရှုစစ်ဆေး

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများသည် ၂၄-၂-၂၀၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဧည့်ခန်းမ၌ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာကျော်ထွန်း ဦးဆောင်သော တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ပြည်နယ်အတွင်း ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူမှုရေးပင်စင်နှင့် ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်နှင့်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT) များအပါအဝင် လူမှုဝန်ထမ်း လုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ ခု၊ (၆)လဘတ်ဂျက်တွင် ရှမ်းပြည်နယ်အတွင်း ကိုယ်ဝန် ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားသော အသက်(၂)နှစ်နှင့်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT) အတွက် ထောက်ပံ့ကြေးငွေ ကျပ်(၄၄,၈၇၄.၆) သိန်း ကို လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ အတွက်ထောက်ပံ့ငွေကျပ် (၂,၈၄၅.၁၈၅) သိန်း ကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဘတ်ဂျက်မှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေမှ ကျပ်(၁,၅၇၈.၈၈၂)သိန်းစသည့် စုစုပေါင်းထောက်ပံ့ကြေး ငွေကျပ် (၄၉,၂၉၈.၆၆၇)သိန်း တို့ကိုထောက်ပံ့ပေးအပ်ခဲ့ရာ အကျိုးခံစားခွင့်ရှိသူများကိုယ်စား ပြည်နယ်ဝန်ကြီးချုပ်ဦးဆောင်သော တာဝန်ရှိသူများက လက်ခံခဲ့ကြပါသည်။ 
     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ မိုးကုတ်ဝိပဿနာရိပ်သာသို့ ရောက်ရှိကြပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဘတ်ဂျက်မှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ကျပ် (၁၅၉.၃၀၆) သိန်း နှင့် ရိပ်သာ အတွက်လှူဒါန်းငွေများကို ထောက်ပံ့ပေးအပ်ခဲ့ရာ အကျိုးခံစားခွင့်ရှိသူများကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများကလက်ခံခဲ့ကြပါသည်။ 
    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပြည်နယ်လူမှုရေးဝန်ကြီး လိုက်ပါလျက် ဟိုပုံးမြို့ရှိ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ရုံးသို့ ရောက်ရှိကြပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားသော အသက် (၂)နှစ်နှင့်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ် (MCCT)လုပ်ငန်းများ ထိရောက်မြန်ဆန်စွာဆောင်ရွက်နိုင်ရေးနှင့်  ဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများနှင့်ဆက်စပ်သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မှုအခြေအနေများအား ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဘတ်ဂျက်မှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် (၂၈၈.၉၁၈) သိန်း တို့ကိုထောက်ပံ့ပေးအပ်ခဲ့ရာ  အကျိုးခံစားခွင့်ရှိသူများကိုယ်စား ဒေသစီမံအုပ်ချုပ်ရေး အဖွဲ့တာဝန်ရှိသူများက လက်ခံခဲ့ကြပါသည်။
     မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပြည်နယ်လူမှုရေးဝန်ကြီး လိုက်ပါလျက် တောင်ကြီးမြို့မူလတန်းကြိုကျောင်းသို့ရောက်ရှိပြီး ကလေးငယ်များ Social Distancing ပုံစံဖြင့် တက်ရောက်သင်ယူနေမှုအခြေအနေများ၊ ကလေးငယ်များ တည်ဆောက်ကစားခြင်း၊ အတုယူကစားခြင်းပုံစံများဖြင့်သင်ယူနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကျောင်းအတွင်းကလေးငယ်များအား အစားအသောက်ကျွေးမွေးနိုင်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များအား ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ 

FacebookTwitter