သက်ကြီးရွယ်အိုများပြုစုစောင့်ရှောက်သူ (Caregiver) သင်တန်း (အခမဲ့) အပတ်စဉ် (၁၁) သင်တန်းဆင်းပွဲကျင်းပခြင်း

        သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာတွင်(၁၀.၁.၂၀၂၂) ရက်နေ့မှ (၄.၃.၂၀၂၂) ရက်နေ့ အထိဖွင့်လှစ်ခဲ့သော သက်ကြီးရွယ်အိုများအတွက် ပြုစုစောင့်ရှောက်သူ (Caregiver) သင်တန်း (အခမဲ့) အပတ်စဉ် (၁၁) သင်တန်းဆင်းပွဲအခမ်းအနားအား (၄.၃.၂၀၂၂) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၌ ကျင်းပခဲ့ပြီး ညွှန်ကြားရေးမှူးဒေါက်တာကေသီကျော် မှ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီးနောက် သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်း လက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ပါကြောင်း၊ ထို့နောက် သင်တန်းသား/ သူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီးနောက် မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပါသည်။
      အဆိုပါသင်တန်းသို့ သင်တန်းသား/ သူ (၂၇) ဦး တက်ရောက်ခဲ့ကြပြီး သက်ကြီးရွယ်အိုများ အတွက် ပြုစုစောင့်ရှောက်သူ (Caregiver) သင်တန်းအပတ်စဉ် (၁) မှ အပတ်စဉ် (၁၁) ထိ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး သင်တန်းတက်ရောက်ပြီးသူ စုစုပေါင်း (၃၀၂) ဦးရှိပါသည်။

FacebookTwitter