အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနား

၂၀၂၂ခုနှစ်၊ မတ်လ(၈)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီမှ ကြီးမှူး၍ (၉.၃.၂၀၂၂)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဌ ဉီးအောင်ဝင်းသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဥပဒေချုပ် ဉီးဌေးအောင်မှ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားခဲ့ပါသည်။ ထို့နောက် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနတို့မှ ခင်းကျင်းပြသထားသည့် လက်မှုအထည်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ပါသည်။ 

FacebookTwitter