ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်အား ဥရောပ-အာရှ စီးပွားရေးကော်မရှင်၏ ကိုယ်စားလှယ်အဖွဲ့ဝင်များလာရောက်တွေ့ဆုံ

ရုရှား-အာဆီယံစီးပွားရေးကောင်စီဥက္ကဌဦးဆောင်သော ဥရောပ-အာရှစီးပွားရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးစဉ်အတွင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်အား ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း၏ စီမံကိန်းမန်နေဂျာဖြစ်သူ Mr. Ilia Mesterov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။
    တွေ့ဆုံစဉ်တွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ လူမှုရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲ့မှုလုပ်ငန်းများနှင့် သဘာဝဘေးကြောင့်ထိခိုက်သူများနှင့် လူမှုရေးဆိုင်ရာ လိုအပ်ချက်ရှိသူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်ပေးနေမှုများကို မြန်မာနိုင်ငံဘက်က ရှင်းလင်းခဲ့ပြီး သဘာဝဘေးနှင့်ကိုဗစ်-၁၉ ကပ်ရောဂါဘေးတွင် စေတနာ့ဝန်ထမ်းများ၏ ပူးပေါင်းပါဝင်မှုသည် အရေးပါခဲ့ကြောင်း၊ ရုရှားနိုင်ငံတွင်‌ စေတနာ့ဝန်ထမ်းစုဖွဲ့ဆောင်ရွက်မှု စနစ်ကိုလေ့လာလိုကြောင်း၊  မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံအကြား Exchange Program များ ဆောင်ရွက်လိုကြောင်းနှင့် သဘာဝဘေးဖြစ်ပေါ်လာပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန် Myanmar Disaster Response Team သင်တန်းဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေများ၊ Social Work Institute တစ်ခုထူထောင်ရန် လိုအပ်နေမှုအခြေအနေများကို ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။
 

FacebookTwitter