မော်လမြိုင်ခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ အစည်းအဝေး(၁/၂၀၂၂)ကျင်းပ

မော်လမြိုင်ခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို (၂၅-၃-၂၀၂၂) ရက်နေ့၊ မွန်းလွဲ (၁၄း၀၀) နာရီ အချိန်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ရွှေမြိုင်ခန်းမ၌ ကျင်းပခဲ့ပါသည်။ 
    အဆိုပါ အစည်းအဝေးတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး အတွင်းရေးမှူးက ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဏာရေးနှစ် (၆)လ ဘတ်ဂျက်ကာလအတွင်း ဆောင်ရွက်ခဲ့သော ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် မော်လမြိုင်လူငယ်သင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီးမှ လူငယ်သင်တန်းကျောင်းရှိ ကလေးသူငယ်များ၏ ဥပဒေပိုင်းဆိုင်ရာ အခွင့်အရေးများရရှိစေရေးအတွက် ဆွေးနွေးတင်ပြခဲ့ပြီး တက်ရောက်လာသော ကော်မတီဝင်များက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့်စပ်လျဉ်း၍ မိမိတို့လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများနှင့် ကော်မတီအနေဖြင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအပေါ် အကြံပြုဆွေးနွေးခဲ့ကြပါသည်။ ယင်းနောက်တွင် ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို မွန်းလွဲ (၁၅း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
    အစည်းအဝေးသို့ မော်လမြိုင်ခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များနှင့် မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ စုစုပေါင်း (၂၅)ဦးခန့် တက်ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

FacebookTwitter