သက်ကြီးရွယ်အိုအခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ

မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ သက်ကြီးရွယ်အိုအခွင့်အရေးများဆိုင်ရာ ဉပဒေအသိပညာပေး ဟောပြောပွဲကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးခန်းမ၌  (၂၈-၃-၂၀၂၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ 
အဆိုပါ ဟောပြောပွဲတွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးက သက်ကြီးရွယ်အို အခွင့်အရေးများဆိုင်ရာဥပဒေ ရေးဆွဲမှုဖြစ်စဉ်နှင့် မြန်မာနိုင်ငံတွင် လက်တွေ့ဆောင်ရွက်နေသော သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများနှင့် သက်ကြီးရွယ်အိုအခွင့်အရေးများဆိုင်ရာဉပဒေအကြောင်း သိကောင်းစရာများကို ရှင်းလင်းဟောပြောခဲ့ပါသည်။
ဟောပြောပွဲသို့ မွန်ပြည်နယ်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ၊ လူမှုအားမာန် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။ 
 

FacebookTwitter