ရန်ကုန်တိုင်းဒေသကြီးအဆင့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း

(၃၀.၃.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအဆင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေး အလုပ်သမားများ ဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပ ပြုလုပ်ခဲ့ရာ ကော်မတီဝင်များ၊ ခရိုင်လူမှုဝန်ထမ်းရုံးများမှ ခရိုင်ဉီးစီးမှူးများ တက်ရောက်ခဲ့ကြပြီး လုပ်ငန်းကော်မတီဥက္ကဌကိုယ်စား ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဉီးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ခဲ့မှုနှင့် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဒုတိယညွှန်ကြားရေးမှူးမှ ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပြီး ခရိုင်ဉီးစီးမှူးများမှ မြို့နယ်(၃)မြို့နယ်တွင် အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့မှုနှင့် ပတ်သက်သည့် အားသာချက်၊ အားနည်းချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်အသိပညာပေး လုပ်ငန်းများအား ဆွေးနွေးတင်ပြခြင်း၊  ကော်မတီဝင်များမှ အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများအား   ဆွေးနွေးတင်ပြခဲ့ ပြီး အစည်းအဝေးကို(၁၁:၃၀)နာရီအချိန်တွင် ရုပ်သိမ်းလိုက်ပါသည်။

FacebookTwitter