စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ခရိုင်အဆင့်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းဝေး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ခရိုင်အဆင့်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို (၂၃.၆.၂၀၂၂)ရက်နေ့တွင်ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဌက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အမျိုးသမီးကော်မတီအတွင်းရေးမှူးက လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင် ပြခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသောအဖွဲ့ဝင်များက ခရိုင်အဆင့်အမျိုးသမီးကော်မတီလုပ်ငန်းဆောင်ရွက်ချက်များကို အသီးသီးဆွေးနွေးပြောကြားပြီး ခရိုင်အမျိုးသမီးကော်မတီဥက္ကဌက နိဂုံးချုပ် အမှာ စကားပြောကြားခဲ့ပါသည်။

FacebookTwitter