လူမှုဝန်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ရပ်ရွာအခြေပြုအိမ်တွင်းမှုသင်တန်းဆင်းပွဲကျင်းပ

           ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်သစ်ပုတ်ကုန်းကျေးရွာအုပ်စုရွာသစ်ကုန်းကျေးရွာတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၏လမ်းညွှန်မှုဖြင့် ပုသိမ်မြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ရပ်ရွာအခြေပြုစက်ချုပ်သင်တန်းကို ၆.၆.၂၀၂၂ မှ ၂၅.၆.၂၀၂၂ ရက်နေ့အထိဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ပြီး ယနေ့သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။

           သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးညွှန်ကြားရေးမှုးဒေါ်နော်သဝါးက သင်တန်းဆင်းအမှာစကားပြောကြားပြီးသင်တန်းဆင်းလက်မှတ်များကို တိုင်းဒေသကြီးလူမှုဝန်ထမ်းတိုင်းဦးစီးမှူးနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်စိုးတို့က ပေးအပ်ရာသင်တန်းသူများမှလက်ခံရယူသည်။

         သင်တန်းတွင်ထူးချွန်သူတစ်ဦးအား တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးမှ အပ်ချုပ်စက်တစ်လုံးချီးမြှင့်ခဲ့ရာ သင်တန်းသူများကိုယ်စားထူးချွန်ဆုရရှိသူမယွန်းဝေမိုးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

FacebookTwitter