ရန်ကုန်တိုင်းဒေသကြီးအဆင့်အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ခြင်း

(၃၀.၆.၂၀၂၂)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီးအဆင့် အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများဖယ်ရှားရေးနှင့်ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ အလုပ်ရုံဆွေးနွေးပွဲကိုကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဝင်များ၊ ခရိုင်လူမှုဝန်ထမ်းရုံးများမှ ခရိုင်ဦးစီးမှူးများတက်ရောက်ခဲ့ကြပြီး လုပ်ငန်းကော်မတီဥက္ကဌကိုယ်စား လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူးမှ ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် ယခင်အစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့်ပတ်သက်၍ ဒုတိယညွှန်ကြားရေးမှူးမှရှင်းလင်းဆွေးနွေးတင်ပြခဲ့ခြင်း၊ တောင်ပိုင်းခရိုင်ဦးစီးမှူးမှ အသိပညာပေးဆောင်ရွက်ခဲ့မှုအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်း၊ကော်မတီဝင်များမှ အသိပညာပေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများအားဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးကို နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းလိုက်ပါသည်။
 

FacebookTwitter

နောက်ဆုံးရသတင်းများ