ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၂/၂၀၂၂)

ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး(၂/၂၀၂၂)ကို ယနေ့နေ့လယ် (၁၃:၀၀)နာရီတွင် နေပြည်တော်ရှိ   လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဝန်ကြီရုံး၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အစည်းအဝေးသို့ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး၊ ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌဖြစ်သည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးတင်စိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။  
အဆိုပါအစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးက အဖွင့်အမှာစကားပြောကြားရာတွင် သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းရပ်တစ်ခုအနေနဲ့ ဌာနဆိုင်ရာ/ အဖွဲ့အစည်းများမှ ဝန်ထမ်းများကို အသိပညာပေးသင်တန်း ဖွင့်လှစ်နိုင်ရေးနှင့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ဒုတိယ(၃)လပတ် အစီရင်ခံစာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ တင်ပြနိုင်ရေးအတွက် အစီရင်ခံစာ (မူကြမ်း) အကြံပြုဆွေးနွေးနိုင်ရေး ပြောကြားခဲ့ပါသည်။ 
အစီအစဉ်အရ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီး သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများမှ ဝန်ထမ်းများသို့ သင်တန်းဖွင့်လှစ်ရေး အစီအစဉ်တင်ပြဆွေးနွေးခြင်း၊ ဒုတိယ(၃)လပတ်အစီရင်ခံစာ ရေးသားထားမှုအပေါ်တက်ရောက်လာသော လုပ်ငန်းကော်မတီဝင်များမှ အကြံပြုဆွေးနွေးခဲ့ကြပြီး  ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးအား နေ့လယ်(၁၅:၅၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။ 
 

FacebookTwitter