၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် သစ်ပင်စိုက်ပျိုးပွဲနှင့် စာတမ်းဖတ်ပွဲကျင်းပ

၂၀၂၂ ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီကကြီးမှူး၍ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် (၈:၃၀)နာရီတွင် ရန်အောင်မြင်ဘုရားအနီး၊ သုခုမလမ်း၊ ဒက္ခိဏသီရိမြို့နယ်၊ နေပြည်တော်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ရုံးတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့်ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီအမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ပါဝင်ဆင်နွဲခဲ့ကြပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီ၊ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီဝင် ညွှန်ကြားရေးမှူးချုပ်များက သတ်မှတ်နေရာများတွင် ကံကော်ပင်များကို ဦးဆောင်စိုက်ပျိုးပေးကြပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော်ကောင်စီအမျိုးသမီးကော်မတီဝင်များ၊ ဌာနဆိုင်ရာအရာထမ်း၊ အမှုထမ်းများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်းနှင့် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ်မှအဖွဲ့ဝင်များကသတ်မှတ်နေရာအသီးသီးတွင် ပျိုးပင်ပေါင်း(၁၂၉)ပင် စိုက်ပျိုးပေးခဲ့ကြပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ကဦးစီး၍  မြန်မာအမျိုးသမီးများနေ့အကြို စာတမ်းဖတ်ပွဲအခမ်းအနားကို အဆိုပါရုံး အဆောက်အအုံတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌဒေါက်တာသက်သက်ဇင်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ စာတမ်းဖတ်ပွဲတွင် ပါမောက္ခဒေါက်တာဒေါ်ခင်ဆွေမြင့်က သဘာပတိ အဖြစ်ဆောင်ရွက်ပြီး “အမျိုးသမီးနှင့်အာဆီယံလုပ်ငန်းစဉ်” စာတမ်းကို စာတမ်းရှင် ဦးကျော်မျိုးသန့်၊ ညွှန်ကြားရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လည်းကောင်း၊ “ကျား၊မအခြေပြုညီမျှမှုနှင့် အမျိုးသမီးများအခွင့်အရေး ဥပဒေရှုထောင့်မှလေ့လာခြင်း”စာတမ်း ကိုစာတမ်းရှင် ဒေါ်အိအိဖြိုး၊ အတွင်းရေးမှူး၊ ဥပဒေရေးရာလေ့လာရေးနှင့်အကြံပြုရေး လုပ်ငန်းအဖွဲ့၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှလည်းကောင်း၊ “ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာပေးရာတွင် အမျိုးသမီးများ၏အရေးပါမှု” စာတမ်းကို ဒေါ်မာမာသီ၊ ဒုတိယညွှန်ကြားရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှလည်းကောင်းအသီးသီးဖတ်ကြားကြပြီး တက်ရောက်လာသူများမှ ဆွေးနွေးမေးမြန်းမှုများကို ဖြေကြားရှင်းလင်းခြင်းတို့ ဆောင်ရွက်ပြီး အခမ်းအနားကို (၁၁:၁၅)နာရီတွင် ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။    

FacebookTwitter